ဒေါက် ဒေါက်!
"ဟဲ့ဟိုမှာ ခေါက်နေပြီ"
"ဟူးးး တကယ်ပါပဲ"
"မှန်ချလိုက်လေဟယ် ပြီးရင်တောင်းပန်လိုက်"
"မတောင်းပန်နိုင်ပါဘူး ဘယ်လိုဖြစ်နေတာလဲ"
"ဟိုမှာဒေါသထွက်နေတယ်နော် နင်အခြေအနေမဆိုးခင်ဖွင့်ပေးလိုက်စမ်းပါဟ"
"ပြီးရောဟာ"
မှန်ချလိုက်သည်နဲ့တပြိုင်နက် အချေတော်ရီး ပိုးဆိုးပက်စက်ကိုအပြောခံလိုက်ရပါတော့သည်
"ဒီမှာ ရှင် ကားမမောင်းတတ်ဘူးလား ဒါမှမဟုတ် မျက်လုံးပဲကန်းနေတာလား ရှေ့မကြည့်နောက်မကြည့်နဲ့ အကုန်စိုကုန်ပြီရှင့်"
"အဲ့တော့"
"ဟ! အဲ့တော့ ဟုတ်လား တောင်းပန်လေ"
"ဘာလို့တောင်းပန်ရမှာလဲ ခဗျားကသာ ကားလမ်းပေါ်လျှောက်နေပြီးတော့"
"ငါတို့ကကားလမ်းမအလယ်မှာလျှောက်နေလို့လား ဘေးကပ်လျှောက်တာလေ"
ယမင်းသော် ၀င်ပြောလ်ုက်သည်
"ဒီမှာ စိုသွားတာ ခဗျားလား သူလား ဘာဆိုင်လို့ခဗျားက၀င်ပါနေတာလဲ"
"ကျစ်! မတောင်းပန်ဘူးလား"
"ဟင့်အင်း"
ရွှေအိမ်စံတို့ဒေါသက ပိုပိုထွက်လာပါတော့တယ်
"လူမှုရေး နားမလည်ဘူးလားမသိဘူး"
"...."
"တောက်စ် သွားမယ် ခေတ် လာ ယမင်း"
ဒေါသထွက်ထွက်နဲ့ပင် အဖုန်းအား နဂါးမျက်စောင်းထိုးကာထွက်သွားတော့သည်
"Xhin Phone! နင်ဟာလေ တကယ် ခေါင်းမာတယ် နင်ဘက်ကမှားပြီးတော့ တောင်းပန်လိုက်တာမဟုတ်ဘူး"
ရှင်ဖုန်းတို့ အာကာမင်း ဘာပြောနေလည်း
မကြားတော့ပါ
ခြေဆောင့်ကာ ထွက်သွားသော ထိုကောင်မလေးကို ဘာကြောင့်မှန်းမသိ ကြည့်နေမိသည်"ရှင်ဖုန်းရေ!!!"
နှစ်ယောက်မရှိသောအာဗြဲစိန်မ အခွန်းအော်လိုက်မှ အသိစိတ်ပြန်ကပ်သွားပြီး
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်