ဆေးရုံဆင်းတဲ့နေ့ ရှင်ဖုန်း ပစ္စည်းတွေသိမ်းနေချိန်
ရွှေအိမ်စံကတော့ ပြတင်းပေါက်နားမှာ တစ်ခုခုကို
စဉ်းစားနေပါတယ်ရှင်ဖုန်း ရွှေအိမ်စံအနားကိုသွားလိုက်ပြီး
" 'မ' "
"ဟင်"
"ဘာတွေတွေးနေတာလဲ"
"မနေ့ညက အိမ်မက်ထဲမှာ ကောင်မလေးနှစ်ယောက် ပန်းခြံထဲမှာ စကားပြောရင်းပျော်နေကြတာကိုတွေ့တယ် ဒါမဲ့ အကုန်လုံး ပုံရိပ်တွေကဝါးနေတာမို့ ဘာမှမမြင်ရဘူး....အဲ့တာ...ငါနဲ့ သက်ဆိုင်နေမလားလို့"
ရှင်ဖုန်း ရွှေအိမ်စံ ပြောတာကို နားထောင်ပြီး
ပြုံးလိုက်တယ်"အရမ်းကြီးမစဉ်းစားပါနဲ့ 'မ'ရဲ့ ခေါင်းကိုက်
နေအုန်းမယ် နောက်တော့ မှတ်မိလာမှာပေါ့""အင်း မြန်မြန်မှတ်မိချင်ပြီ မင်းနဲ့အကြောင်းတွေကော တခြားဟာတွေကော"
"မှတ်မိလာမှာပေါ့"
စကားပြောနေတုန်း အခန်းတံခါးခေါက်တာမို့ သွားဖွင့်ပေးလိုက်တော့ ခေတ်ရယ်ခွန်းရယ်အာကာရယ်ယမင်းရယ် ရောက်လာကြတယ်
"အကုန်လုံးပါလား ဘာလာလုပ်ကြတာလဲ"
ခေတ်ကနေပြီး
"ဒီနေ့ ဆေးရုံဆင်းရက်မလား ကူပေးစရာများရှိလားလို့""မရှိတော့ပါဘူး အကုန်ပြီးပြီ"
အထဲ၀င်လာကြပြီး ခေတ်တို့က ရွှေအိမ်စံနားရောက်သွားကြတယ် ရှင်ဖုန်းကတော့ သိမ်းထားတဲ့ပစ္စည်းတွေလိုက်စုနေတာပေါ့
ရွှေအိမ်စံက ရှင်ဖုန်းရယ်ရဲ့ပြောပြတာကြောင့် အကုန်မမှတ်မိသေးပေမဲ့ ခေတ်တို့က သူ့ရဲ့သူငယ်ချင်းတွေမှန်းတော့ သိထားပါတယ်
"ဘယ်လိုလဲ မှတ်မိတာရှိလား လမင်း"
ခေတ်ကမေးလိုက်တယ်"ဘာမှတော့ မမှတ်မိသေးဘူး မနေ့ညကတော့
အိမ်မက်တစ်ခုမက်တယ် အကုန်လုံးကဝါးနေတာမို့
ဘယ်သူမှန်းလဲမသိရဘူး ဒါမဲ့ ငါနဲ့သက်ဆိုင်မယ်ထင်တာပဲ""ဘာပဲဖြစ်ဖြစ်ပါ နည်းနည်းပါးပါးတော့
မှတ်မိနေပြီပဲဆိုရမှာပေါ့"
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်