Part-15

4K 245 13
                                    

ရှင်ဖုန်း သည်းမခံနိုင်‌တော့ပေ အဲ့ကောင်ရဲ့ မျက်ခွက်ကို လက်သီးပြင်းပြင်းတစ်ချက်သာကျွေးလိုက်

"ခွပ်!"

ရွှေအိမ်စံတစ်ယောက်လန့်နေပြီလေ

"ရှင်ဖုန်း!"

ရှင်ဖုန်းမှာ‌တော့ သူမမခေါ်တာပင် မကြားနိုင်
ထို အောက်တန်းစားကောင်ရဲ့မျက်ခွက်ကိုသာ
ထပ်တလဲလဲထိုးနေမိသည်

ထိုးရင်းလဲ ပါးစပ်ကနေ ဒေါသနဲ့ စကားတွေ အော်အော်ပြောနေမိသည်

"မင်း! နောက်တခါ! ထပ်ပြောရဲရင်! ပြောကြည့်လိုက်! မင်းကို! ငါ! အရှင်! မထားဘူး! အောက်တန်းစားကောင်!"

တခါပြောတခါထိုးနှင့် ဒေါသတွေမငြိမ်းသက်နိုင်သေး

ထိုကောင့်ရဲ့သူငယ်ချင်တွေလဲ ရှင်ဖုန်းကိုဆွဲကာ
ထပ်ထိုးသေးသည် ရှင်ဖုန်းဘက်ကလဲ ဒေါသနဲ့မို့
သူတို့လဲခံရသည်လေ 

"ရှင်ဖုန်းတော်ပါတော့"

ရွှေအိမ်စံတစ်ယောက် အစက လန့်ပြီး သတိလွတ်ကာကြည့်နေပေမဲ့ ရှင်ဖုန်းရဲ့အော်သံတွေကြောင့် သတိ၀င်လာပြီး ရှင်ဖုန်းကို၀င်ဆွဲရသေးသည်

ရွှေအိမ်စံတင်မက အနားမှာရှိသည့် သူများပါ ၀င်ဆွဲမှ အကုန်ငြိမ်သွားတော့သည်

"မင်း..မင်း စောင့်ကြည့်နေ မင်းကိုဒုက္ခရောက်အောက် ငါတို့ဆက်လုပ်အုန်းမှာ ရှင်ဖုန်း!"

"အဲ့တာ မင်းစောက်ကြောင်း! မင်းကြိုက်သလိုလုပ် ငါဂရုမစိုက်ဘူး နောက်တစ်ခါ မင်း အဲ့စကားထပ်ပြောကြည့် မင်းကို အသေသတ်မှာ!!"

ဆွဲထားသည့်ကြားထဲက ဒေါသမထိန်းနိုင် ထပ်ထိုးဖို့ လုပ်နေသည် ရှင်ဖုန်းကို ရွှေအိမ်စံမှာ မနည်းဆွဲထားရသည်

"ရှင်ဖုန်း တော်ပါတော့..."

နေသစ်တို့လဲ ရှင်ဖုန်းကို အော်ဟစ်ကြိမ်းကာ ထွက်သွား‌တော့သည်

"တောက်စ် ခွေးကောင်တွေ!"

"စိတ်လျော့စမ်းပါ"

"....."
ရှင်ဖုန်း ဒေါသတွေမနည်းဖြေချနေရပုံကြည့်ပြီး
ရွှေအိမ်စံမှာလဲ သက်ပြင်းသာချမိသည်

အချစ်ရှိရာ(Complete)Where stories live. Discover now