Part - 39

3.4K 186 6
                                    

ရှင်ဖုန်းလဲ ညစာစားပြီးမှ ရွှေအိမ်စံရဲ့အိမ်ကနေ
ပြန်ခဲ့လိုက်ပါတယ်

အိမ်ပြန်ရောက်‌တော့ အိမ်တံခါးဖွင့်တာနဲ့ အထဲက ချစ်လှစွာသောအမေရဲ့ သာယာလှသော အသံများစတင်ထွက်ပါတော့တယ်

"အမလေး ပြန်လာသေးလို့တော်သေးတာပေါ့
ငါ့သမီးလေးပျောက်များပျောက်သွားပြီလားလို့"

"အမေကလဲ...'မ'တို့အိမ်မှာ ညစာစားနေလို့ပါ"

"ညစာစားခဲ့ပြီပေါ့ ညီး အိမ်ကထမင်းဟင်းမစားတာ ဘယ်လောက်ကြာပြီလဲပြော အားနေအပြင်မှာ
စားမယ် သမီးလမင်းတို့အိမ်မှာစားမယ်ဆိုတာရီးပဲ"

"ဟီးးအမေကလဲ မနက်ဖြန် အိမ်မှာစားမယ်လေနော်"

"အေး အေး မနက်ဖြန် အိမ်မှာပဲစား အိမ်မှာပဲနေ 
ဘယ်မှသွားဖို့မစဉ်းစားနဲ့"

"ဟာ..ဘာလို့လဲ အမေကလဲ"

"အမေကမလဲနဲ့ မနက်ဖြန် နင့်အဖေပြန်လာမှာနော်
ငါ့ကိုဆူရအော်ရအောင်မလုပ်နဲ့ တခါတည်း သူ့သမီးကို အရမ်းအလိုလိုက်တာ သမီးတော်လေးက
ဆိုးလွန်းလို့  ထိန်းရတဲ့ မအေကိုကျ အပြစ်ပဲပြောချင်နေတာ"

"ဟီးးအမေကလဲ သမီး လိမ္မာနေပါပြီနော်
မဆိုးတော့ပါဘူး"

"အံမယ် ဘယ်တုန်းက လိမ္မာသွားတာလဲ"

"ဒီနေ့ကစပြီး"

"ပြောတာပဲ"

"တကယ်ပြောတာပါဆိုနေ"

"အေးပါ အေးပါ သွားနားတော့ သွား"

"ဟုတ်ကဲ့"

ရှင်ဖုန်းလဲ ကိုယ့်အခန်းကိုယ်ပြန်နားပြီး ဖုန်းသုံးနေလိုက်တယ် ဂိမ်းဆော့နေရင်းခွန်းဆီက စာ၀င်လာ
တာမို့ကြည့်လိုက်‌တော့

In message box

Khoon - ဟဲ့

XP - အေ ပြော

Khoon - နင် မမလမင်းနဲ့ မယူသေးဘူးလား

XP - ယူမှာပေါ့ဟ ဘာဖြစ်လို့လဲ

Khoon - မေးကြည့်တာပါဟဲ့ နင်ကလဲ
                ဘယ်တော့ယူမှာလဲ

XP - နောက်တပတ်

Khoon - ဟမ်!!နောက်နေတာလား မမြန်ဘူးလား

XP - မမြန်ပါဘူး ငါ့အဖေနဲ့အမေကိုပဲမပြောရ
        သေးတာ 'မ'တို့ဘက်ကတော့ ငါအဆင်ပြေ     
        သလိုလုပ်ပါတဲ့

အချစ်ရှိရာ(Complete)Where stories live. Discover now