Part-17

3.8K 219 5
                                    

စာလုပ်နေတုန်း ညစာစားဖို့လှန်းခေါ်တဲ့ အမေကြောင့် အောက်ဆင်းပြီး ညစာစားဖို့သွားလိုက်တယ်

မိသားစု၃ယောက် ညစာစားနေကြရင်း...

"သမီး"

"ဟုတ် ဖေဖေ ပြောလေ"

"ကောင်လေးတွေ ဘာတွေရနေပြီလား"

"အာ...မရသေးပါဘူး ဖေကလဲ"

"ဟုတ်ပါပြီ အဖေက မေးကြည့်တာပါ"

အဲ့အချိန် အမေဖြစ်သူက....

"အမလေး သူလား ကောင်လေးရမှာ
သူ့ရဲ့နေပုံထိုင်ပုံနဲ့ အပြောအဆိုနဲ့ အကျင့်နဲ့တော့ လင်ရဖို့ဝေးသေး"

"အမေနော်! ကိုယ့် သမီးလေးကို"

"Haha😆 ဒီ သားမိတွေ အမြဲရန်ဖြစ်နေကြတာလား ပြော"

"‌မေမေက သမီးကို အမြဲဆူနေတာ ဖေဖေရ"

"အမလေး တိုင်နေတာ ကြည့်စမ်း သူ့အဖေကို
မသိရင် ငါကပဲ လူဇိုးမကြီးကိုဖြစ်လို့"

"မဟုတ်ဘူးလား မေမေက သမီးကိုဆို ဆူမယ်ရိုက်
မယ်ရီးပဲကို"

"အမလေးလေး ငါ့ကိုများ အင့်ဟာ"

ဂေါက်!
ရှင်ဖုန်း ဇွန်းနဲ့ခေါက်ခံလိုက်ရခြင်းသာ

"အ့ မေမေ နာတယ်လို့"

"နာပါစေ!"

"😆😆"

အချစ်စမ်းနေကြတဲ့ သားမိကိုကြည့်ပြီး ရှင်ဖုန်းအဖေ ရီသာရီနေလိုက်တော့တယ်

သုံးယောက် သား ပျော်ပျော်ရွှင်ရွှင် ညစာစားရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်

***************
At Shwe Eain San side

"ဟဲ့ လမင်း"

အလုပ်ဆင်းခါနီး လာခေါ်တဲ့ ခေတ်မုဒြာ

"အင်း ပြောလေ ခေတ်"

" ငါတို့ ခရီးလေးဘာလေး သွားရအောင် ပျင်းစရာကြီး"

"အင်း ကောင်းသားပဲ ဘယ်သွားမှာလဲ"

"တောင်ကြီးဘက် သွားကြမလား ငါမရောက်ဖူးသေးဘူး"

"ဟုတ်လား အာ့ဆိုသွားကြမယ်လေ ဘယ်သူတွေပါမှာလဲ"

"ငါ့အစ်ကိုရယ်နင်ရယ်ငါရယ် ယမင်းကတော့လိုက်မလားမသိသေးဘူး ပေးကြည့်ရမှာပဲ ပြီးတော့ အာကာ‌တို့လဲပါမလားမသိဘူး"

အချစ်ရှိရာ(Complete)Where stories live. Discover now