Part - 40

5K 206 11
                                    

အခန်းထဲရောက်တာနဲ့ ရှင်ဖုန်းတစ်ယောက်
ရွှေအိမ်စံကိုဖုန်းဆက်ပြန်သည်
ဟိုဘက်ကတော့ မကိုင်တဲ့အပြင် ဖုန်းကိုချပါချလိုက်သေးသည်

ရှင်ဖုန်းလဲ ရေချိုး အ၀တ်အစားလဲပြီး သူရဲ့
ချစ်လှစွာသော ကောက်စိန်လေးဆီသွားဖို့
ပြင်ရသည်

အိမ်ထဲက ထွက်မယ်အလုပ် အနောက်ကနေ ထွက်ပေါ်လာတဲ့ အမေ့ရဲ့အသံ

"ပြောတော့ညနေမှဆို ခုက ဘယ်သွားမှာလဲ"

" 'မ'ဆီလေ"

"ညနေမှ အပြင်ထွက်မှာပါဆို"

"အချိန်ပြောင်းသွားပြီ အမေရဲ့ နေ့လည်ဖြစ်သွားပြီ
သွားတော့မယ် တာ့တာ ချစ်တယ် အာဘွား မွမွ
အဖေ သမီးသွားပြီနော်!!"

"အေး အေးသမီး ကားဖြေးဖြေးမောင်းနော်"

"ဟုတ်ကဲ့"

အမေကို အာဘွားအတင်းပေးကာ အိမ်ထဲကထွက်လာလိုက်သည်

**************
ရွှေအိမ်စံတစ်ယောက် မနက်ကတည်းက ဖုန်းခေါ်နေတဲ့ ခလေးမ ဖုန်းကိုလုံး၀မကိုင်သလို စာတွေလဲ၀င်မကြည့်ပါ

(အိမ်အထိလာချော့မလားလို့ စောင့်နာလေ🙄)

နေ့လည်သာရောက်သွားတယ် သူတစ်ယောက်
ရောက်မလာ ဖုန်းသာ ခဏခဏဆက်ပြီး လူက
ပေါ်မလာတာမို့ စိတ်က သိပ်မကြည်ချင်တော့ပါ

ခဏနေတော့ အိမ်ရှေ့က ကားသံကြောင့်ထွက်ကြည့်‌တော့ စောင့်မျှော်နေသူလေးရောက်လာပါပြီ

ဒါမဲ့လဲ....နောက်ကျတယ်လေ အပြစ်တော့ပေးသင့်တာပေါ့ ဟုတ်တယ်မလား စိတ်ကောက်အုန်းမှာပေါ့

အိမ်ရောက်လာမှန်းသိပေမဲ့လဲ စကားသွားမပြောပဲ အခန်းထဲမှာပဲနေနေလိုက်တယ်

*ဒေါက် ဒေါက်*
အခန်းတံခါးခေါက်သံကြောင့် သူမမှန်းသိပေမဲ့
မသိသလိုနေပြီး ၀င်ခဲ့ဖို့ပဲပြောလိုက်တယ်

"၀င်ခဲ့ပါ"

အခန်းထဲ၀င်လာတဲ့ ရှင်ဖုန်းကိုတချက်ကြည့်ပြီး
ဖုန်းပြန်သုံးနေလိုက်တယ်

" 'မ' "

"...."

"စိတ်ဆိုးနေတာလား?"

အချစ်ရှိရာ(Complete)Where stories live. Discover now