Part - 37

4.5K 211 5
                                    

ဒီလို့နဲ့ စလိုက်နောက်လိုက်ရေးကူးလိုက်နဲ့ ခရီးထွက်လာတာ၃ရက်ရှိသွားပြီ မနက်ဖြန်ဆိုပြန်ရတော့မှာမို့
ဒီနေ့တော့ မျောက်ရှုံးအောင် ကဲကြမှာဖြစ်သည်

ခွန်းနဲ့ခေတ်လဲတွဲဖြစ်သွားပြီဖြစ်ပြီး တခြား၃တွဲထက်
သူတို့ကပိုပြီး အမြင်ကက်စရာကောင်းလောက်အောင်roကြသည်

အမြဲ ပြိုင်ချွဲနေတဲ့ ကောင်မလေးတွေနဲ့ သူတို့ကောင်မလေးတွေကောင်လေးတွေကို ဘယ်လောက်ဂရုစိုက်ကြောင်းပြိုင်နေတဲ့သူတွေပါ

အခုလဲ မနက်စာစားနေကြရင်း တစ်ယောက်ကို
တစ်ယောက်ခွံကျွေးရင်း ပျော်မြူးနေကြသည်

"ဒါလေးစားချင်တယ် 'မောင်' "

"Okပါ‌ဗျ ကျွေးမယ် "

ခရီးထွက်တဲ့ ၃/၄ရက်အတွင်း ရွှေအိမ်စံတစ်ယောက်
ရှင်ဖုန်းအပေါ်ပိုချွဲလာသည်

အရင်တုန်းကအဲ့လောက်မချွဲပေမဲ့ ခု‌တော့ ရှင်ဖုန်းနားကပ်ကပ်လာတဲ့ ကောင်မလေးတွေကြောင့်
ရွှေအိမ်စံ သ၀န်တိုကာ သူမရဲ့ကောင်မလေးဖြစ်ကြောင်းပြရင်း ပြရင်းနဲ့ ချွဲတတ်သွားသည်

********************
ရေဆင်းဆော့ပြီး နေ့လည်ကျ ခွန်းတို့က ဟိုနားဒီနားလျှောက်သွားဖို့ခေါ်တာမို့ ရွှေအိမ်စံလိုက်သွားသည်
ရှင်ဖုန်း‌ကိုခေါ်ပေမဲ့ မလိုက်တော့ဘူးဆိုတာကြောင့် စိတ်ထဲသိပ်အလိုမကျ
*ဘယ်ကောင်မနဲ့ချိန်းတွေ့မလို့မလိုက်တာလဲ*ဟု
တွေးလိုက်မိသေး

ခွန်းရယ်အိမ့်မှုးရယ်ရွှေအိမ်စံရယ်ယမင်းရယ် အပြင်ထွက်သွားကြတာနဲ့ ကျန်ခဲ့တဲ့ ၄ယောက်က တစ်ခုခုကို အမြန်ထလုပ်နေကြသည်

"ဟူးး"

"စိတ်လှုပ်ရှားနေတာလား"
အာကာမင်းက ရှင်ဖုန်းရဲ့ပုခုံးကိုင်ကာ မေးလိုက်တယ်

"အင်း နည်းနည်းပေါ့"

"ရားးးဟိုနှကောင် ဒါလေးလာကူအုန်း"
စကားများနေတဲ့နှစ်ယောက်ကို ခေတ်က ကူညီဖို့ အော်ခေါ်လိုက်တယ်

***********
ရွှေအိမ်စံတို့လဲ ၀ယ်ချင်တာတွေ၀ယ်
ဓာတ်ပုံတွေရိုက်ပြီး‌ညနေ၄နာရီလောက်ကြ‌တော့
ခွန်းက နာရီကြည့်ပြီး

အချစ်ရှိရာ(Complete)Where stories live. Discover now