Part-10

4.3K 250 4
                                    

ရှင်ဖုန်းမှာတော့ အိမ်‌ရောက်တော့လဲ အမေဆီပါ အဆူခံရပါသေးသည်

သေချာမှာလိုက်တဲ့နေ့မှ ရန်ဖြစ်လာလို့တဲ့လေ

တံမြက်စည်းနဲ့လိုက်ရိုက်လို့ ပတ်ပြေးလိုက်ရပါသေးတယ်

ညစာစား စာလုပ်ပြီးတာနဲ့ အိပ်ယာထဲတန်းထိုးအိပ်လိုက်တော့တယ်

အစောရီးမအိပ်တတ်တဲ့ အဖုန်းတစ်ယောက် ည၈နာရီအိပ်ပြီး ညသန်းခေါင်၁၂နာရီးကြီးမှာပြန်နိုးလာပါတယ်

နိုးလာတာနဲ့ လိုင်းဖွင့်ပြီး ဖုန်းသုံးနေလိုက်ပါတယ်
မမကိုကြည့်တော့ မမကလိုင်းပေါ်မှာရှိနေတာမို့ မမနဲ့စကားပြောရင်းနဲ့သာအချိန်ကုန်ဆုံးလိုက်တယ်

စကားပြောနေရင်းvcခေါ်လိုက်တဲ့ မမကြောင့်
ရှင်ဖုန်းတစ်ယောက် မျက်လုံးတွေပြူးကုန်ပါတယ်

သူဒီနေ့ရန်ဖြစ်ထားတာမို့ မျက်ခွက်တစ်ခုလုံး
စုတ်ပျက်သက်နေတာမို့ မမနဲ့ဖုန်းမပြောချင်ပါ
အဆူခံရမှာဆိုးလို့လေ ဖုန်းမကိုင်လဲစိတ်ဆိုးသွားမှာဆိုးလို့ ဖုန်းကိုင်ပြီးcameraသာပိတ်ထားလိုက်တယ်

"အဖုန်းရေ cameraဖွင့်လေ "

"cameraဖွင့်မရလို့ မမ"

"ဟယ် ဘာလို့တုန်း "

"မသိဘူး မမ ဖုန်းကcameraဖွင့်မရဖြစ်နေတယ်"

"အော် အင်းပါ ပြီးရော ပြီးရော အာ့ဆိုလဲ ဒီတိုင်းပြောကြတာပေါ့"

"ဟုတ်"

နှစ်ယောက်သား စကားအကြာကြီးပြောပြီးမှ
ဖုန်းပိတ်ပြီးအိပ်လိုက်ကြတယ်

***********************

ဒီလိုနဲ့ပဲ မမ ပြန်ရောက်မယ့်နေ့ကိုရောက်လာပါပြီ
ရှင်ဖုန်းတစ်ယောက် ပျော်နေပါတယ် မမ က ခရီးကပြန်လာမှ အပြင်လျှောက်သွားကြမယ် ပြောတယ်လ

အဲ့တာကြောင့်မမနဲ့ အပြင် သွားရတော့မှာ‌မို့ ပျော်နေပါသည် သွားမယ့်နေရာလဲရွေးထားပြီးသားပါ

စနေ တနဂ်နွေမှ သွားမယ်ဆိုတဲ့မမကြောင့် စနေနေ့ကျသွားဖို့ စီစဉ်ထားလိုက်ပါတယ်

ကျောင်းရှေ့ကဆိုင်မှာမုန့်ထိုင်းစားနေကြတဲ့ သူငယ်ချင်းသုံးယောက်ထဲမှ သွား၃၂ချောင်းလုံးပေါ်အောင်ပြုံးနေတဲ့ ရှင်ဖုန်းကိုကြည့်ကာ ဘေးကနှစ်ကောင် သိချင်စိတ်များပေါ်လာတော့သည်

အချစ်ရှိရာ(Complete)Where stories live. Discover now