အပိုင်း ၁၁၆ (စာစဉ် ၈ အပိုင်း ၁၁)

1.2K 146 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၁၆ (စာစဉ် ၈ အပိုင်း ၁၁)
ဆရာနှင့် တပည့် တွေ့ဆုံမှု

တောင်ထဲမှ ထွက်ခွာလာပြီးနောက် ချန်ချန် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
ရှောက်ဝူယိုကို နှင်ထုတ်ခြင်းသည် ကျိုးရန်လုံက သူ့ကို ပေးခဲ့သော စစ်ဆေးမှုပင်။
သူက ဝူရှင်းကလန်မှဆိုလျှင် သည်အချိန်တွင် ရှောက်ဝူယို ဂျင်တိုင်းပြည်သို့ ပြန်မသွားနိုင်အောင် သူ သေချာပေါက် ဖျက်လိုဖျက်ဆီးလုပ်မည် ဖြစ်ပြီး ဝူရှင်းကလန်ကို အကျိုးပြုပေလိမ့်မည်။
သို့သော်လည်း ဂျင်တိုင်းပြည်မှ သူ ခေါ်လာခဲ့သော ဤတပည့်သည် ဝူရှင်းကလန်နှင့် မသက်ဆိုင်ဘဲ ထျန်းယွမ်ကလန်မှ ဖြစ်ကြောင်း ကျိုးရန်လုံ တွေးမိမည်မဟုတ်ချေ။

"ကျန်းချန် ကလန်ခေါင်းဆောင်က မင်းကို အခုအချိန်မှာ မယုံကြည်သေးဘူး ဒါဟာ မင်းနောက်ကို လိုက်ဖို့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်ထည့်ပေးလိုက်တဲ့အဆင့်အထိ မရောက်ဘူး အမှန်အတိုင်းပြောရရင် ကျိုးရှန်နဲ့ ငါက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ ဖြစ်ကြပြီးတော့ ကလန်ခေါင်းဆောင်က မင်းနောက်ကို လိုက်ဖို့ စေလွှတ်ခဲ့တဲ့ အဓိကအကြောင်းရင်းဟာ သူက မင်းရဲ့ လုံခြုံမှုကို စိုးရိမ်နေလို့ပဲ"
ချန်ချန့်ခြေလှမ်းများ လေးလံလာသည်ကို သတိပြုမိသောအခါ ကျိုးဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။

ချန်ချန် ရပ်တန့်ပြီး ညင်သာစွာ ပြန်ပြောလိုက်သည်။ "ခန္ဓာကိုယ်သန့်စင်ခြင်းကလန်မှာ ရန်သူကြီးတစ်ယောက်ယောက် ရှိနေလို့လား? ဒါမှမဟုတ်ရင် ဒါက မလိုအပ်ဘူးမလား?"

"ငါတို့မှာ ရန်သူကြီးတစ်ယောက် ရှိတယ် မင်း အပြင်သွားရင် သတိထားရမယ်" ကျိုးရှန်က ရုတ်တရက် ဝင်ပြောလာ၏။
ချန်ချန် ပြောစရာစကားမဲ့သွားသည်။ သူ တကယ်ကြီး ထောက်ချောက်ထဲသို့ ကျသွားလေပြီ။
….............
မိစ္ဆာကလန် ဒုတိယကလန်ခွဲ၏ ပိုင်နက်သို့ ရောက်သောအခါ ချန်ချန်နှင့် အခြားနှစ်ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ဒုတိယကလန်ခွဲ၏ တာဝန်ခံများမှာ ရွှေရောင်အမြုတေအထွတ်အထိပ်အဆင့်ဖြစ်ကြသော အကြီးအကဲ အန်းရှင်းနှင့် အန်းချန်တို့ ဖြစ်ကြ၏။
သူတို့၏ စွမ်းရည်များဖြင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှ ရှောက်ဝူယိုကို မရင်ဆိုင်နိုင်ကြသောကြောင့် သူတို့ အလွန်အမင်း ကသိကအောက်ဖြစ်နေကြသည်။
သို့သော်လည်း ယွမ်ချင်းတန်က လုံးဝ စိုးရိမ်နေခြင်း မရှိချေ။ ပြန်ရောက်လာပြီးနောက် သူက နံရံထောင့်ကို မျက်နှာမူကာ တစ်ခုခုကို သူ့ဘာသာသူ ရေရွတ်နေသည်။
ချန်ချန့် သူ့နာမည်ကို ဝိုးတဝါးကြားလိုက်ရကာ သူ့မျက်ဝန်းများ တဆတ်ဆတ်တုန်သွားပြီးနောက် အန်းချန်နှင့် အန်းရှင်းကို ကြည့်ကာ မေးလိုက်သည်။ "ရှောက်ဝူယို ဘယ်မှာလဲ?"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now