အပိုင်း ၁၉၄ (စာစဉ် ၁၃ အပိုင်း ၁၄)

739 103 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၉၄ (စာစဉ် ၁၃ အပိုင်း ၁၄)
ထူးခ‌ျွန်တဲ့ လူတွေဟာ အန္တရာယ်နဲ့ ကြုံတွေ့ရလေ့ရှိတယ်

တကယ်ဆို ချန်ချန်သည် အလွယ်တကူဖြားယောင်းဆွဲဆောင်နိုင်သောသူ မဟုတ်ချေ။
သို့သော်လည်း တန်းစီပြီးနောက် ပြင်ပအကူကျင့်ကြံသူတစ်‌ယောက်သာ ဖြစ်သွားလျှင် ကျောက်စိမ်းဆေးမီးဖိုကလန်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိနိုင်တော့ပေ။ ဆေးပညာရှင်များကို ရရှိရန်အသာထား ကျောက်စိမ်းမီးဖိုမြို့၏ ဆေးဆိုင်များတွင် လျော့ဈေးအချို့သာ ရရှိနိုင်ပေလိမ့်မည်။
၎င်းသည် သူ့လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ချေ။
သူ အရှေ့ဘက်နယ်စပ်ကို ဘာအတွက် လာခဲ့သနည်း?
ပထမအနေဖြင့် ထောက်လှမ်းရေးစနစ်ကို အကျိုးရှိရှိအသုံးပြုပြီး အရင်းအမြစ်များ ရှာဖွေရန် ဖြစ်သည်။
ဒုတိယအနေဖြင့် ပညာရှင်အချို့ကို ရှာဖွေလို၍ ဖြစ်သည်။
ဆေးလုံးသန့်စင်ရာတွင် ထူးချွန်သော ပညာရှင်များသည် အရေအတွက်အားဖြင့် အတော်လေး နည်းပါးပေသည်။ ဆေးလုံးများသည် အင်အားစုတစ်ခုကို အလျင်အမြန်တိုးတက်စေရန် မရှိမဖြစ်လိုအပ်၏။
ဆေးလုံးများကို ရေရှည်ရရှိထောက်ပံ့နိုင်ရန် ကလန်တစ်ခုသည် ကိုယ်ပိုင်ဆေးပညာရှင်များ ရှိရပေမည်။

'ငါ တိုင်းပြည်နှစ်ခုတိုးတက်ရေးအတွက် ဒါကို လုပ်နေတာပဲ လူတစ်‌ယောက်က ကိုယ်ပိုင်အကျိုးအမြတ်အတွက် သစ္စာဖောက်သွားတာမျိုးနဲ့မှ မတူတာ ငါ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိနေတယ်'
ချန်ချန်သည် သူ့ကိုယ်သူ နှစ်သိမ့်ပြီးနောက် ချန်ချန်သည် သူ့ဘေးမှ လူများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပုံပေါ်သွားကာ ရိုးသားပြီး အပြစ်ကင်းသည့်ပုံ ပေါက်သွားသည်။

"ချန်ချန် ဒီမှာ ခနလောက်စောင့်နေပါ"
အစိမ်းရောင်ဝတ်စုံဖြင့် မိန်းကလေးသည် သူမနောက်ကို ညွှန်ပြပြီး အလုပ်ဆက်လုပ်နေတော့သည်။
ချန်ချန်က ရုတ်တရက် သူ့စိတ်ကို ပြောင်းလိုက်သည်ကို ယွမ်ချင်းတန်မြင်သောအခါ စိုးရိမ်တကြီးဖြစ်လာပြီး ‌အလောတကြီး မေးလိုက်သည်။ "ညီမလေး ကျုပ်ရော ကျောက်စိမ်းဆေးမီးဖိုကလန်ကို ဝင်လို့ရလား?"
ချန်ချန်က အခြားကလန်တစ်ခုကို ဝင်လိုလျှင် သူလည်း နောက်တွင် မကျန်ရစ်လိုပေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now