အပိုင်း ၁၆၀ (စာစဉ် ၁၁ အပိုင်း ၁၀)

876 128 4
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၆၀ (စာစဉ် ၁၁ အပိုင်း ၁၀)
ဆောရီးပါကွာ! ဘိုင်း ဘိုင်!

အချိန်များ ကုန်ဆုံးသွားပြီး စစ်ခရာမှုတ်သံများ နောက်တစ်ကြိမ်ထွက်ပေါ်လာကာ ရွှေရောင်ချပ်ဝတ်စစ်သူကြီးကို နိုးသွားစေ၏။
ရင်းနှီးနေသောအသံကို ကြားပြီး ရွှေရောင်ချပ်ဝတ် စစ်သူကြီးသည် ငိုချင်နေသော်လည်း မျက်ရည်များ ထွက်မလာခဲ့ချေ။
ဘဝ၏ ခက်ခဲမှုများသည် သူ့စိတ်ကူးထက် ကျော်လွန်မေပြီး သူ ကြောက်လန့်နေသော အရာက တကယ် ဖြစ်လာခဲ့ပြီ.......
စစ်သည်များစုဝေးခြင်းအချက်ပြသံကို ကြား‌နေရသောကြောင့် ရွှေရောင်ချပ်ဝတ်စစ်သူကြီးသည် အသက်ပြင်းပြင်းရှူကာ အိပ်ယာပေါ်မှ ရုန်းကန်ပြီး ထလိုက်သည်။
ဒါက ကံကြမ္မာဖြစ်သောကြောင့် သူ ရွေးချယ်စရာမရှိဘဲ လက်ခံရပေမည်။
မဟာရှနယ်ခြားစောင့်တပ်ဖွဲ့သည် တိုက်ပွဲများကို မကြောက်ရွံ့ချေ။ အများဆုံးနေဖြင့် ရှေ့တန်းတွင် သူတို့ သေဆုံးသွားနိုင်ပေသည်။

"တစ်‌ယောက်ယောက်လောက် ငါ့ကို ရှေ့တန်းဆီ သယ်သွားပေးကြစမ်း!"
သူ့အမိန့်ကို ကြားပြီး တပ်ခွဲမှူးနှစ်ယောက်က ဝင်လာကြသည်။ သူတို့က စစ်သူကြီး၏ ပုံစံကို မြင်သောအခါ တပ်ခွဲမှူးတစ်ယောက်က ပြောလာသည်။ "ဂျင်တိုင်းပြည်ရဲ့ ကျင့်ကြံသူတွေက စစ်သူကြီး အပြင်းအထန်ဒဏ်ရာရထားပြီး ကောင်းကောင်းမသက်သာသေးတော့ တိုက်ပွဲမှာ ဝင်မပါဘဲ သူတို့နဲ့ပဲ ထားလိုက်ပါလို့ ပြောခဲ့ကြပါတယ်"

ထိုစကားများကို ကြားပြီး ရွှေရောင်ချပ်ဝတ်စစ်သူကြီးသည် ချက်ချင်း ဒေါသထွက်သွား၏။
တိုက်ပွဲတွင် သူ ဝင်မပါလိုသော်လည်း ဂျင်တိုင်းပြည်၏ ကျင့်ကြံသူများကို သူ မယုံကြည်နိုင်ပေ။ ဝက်များ ကောင်းကင်တွင် ပျံနိုင်သောအခါမှ တိုက်ပွဲကို သူတို့နှင့် သူ လွှတ်ထားလိုက်ပေမည်။
ထိုအတွေးဖြင့် သူ အံကြိတ်ကာ ပြောလိုက်သည်။ "ငါ့ကို ရှေ့တန်းဆီ သယ်သွားပါ! ဒီနေ့ နယ်ခြားစောင့်တပ်ရဲ့ အစစ်အမှန်လုပ်ဆောင်နိုင်စွမ်းကို ဂျင်တိုင်းပြည်က ကျင့်ကြံသူတွေ သိအောင် ပြပေးရမယ်!"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now