အပိုင်း ၁၈၈ (စာစဉ် ၁၃ အပိုင်း ၈)

721 100 3
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၈၈ (စာစဉ် ၁၃ အပိုင်း ၈)
ငါ့ရဲ့ သံသယတွေကို ဖြေရှင်းပေးပါလား?

"ဒါက ကောင်းကင်နတ်ဘုရားရွှေပါ ငါ ဒါကို စတွေ့တော့ မင်းနဲ့လိုက်ဖက်တယ်လို့ ငါ ခံစားမိခဲ့တယ် ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မင်းမှာ ဆည်းဆာဖြိုခွင်းဓား ရှိနေတုန်းပဲဆိုတော့ ငါ သိမ်းထားခဲ့တာ အခုတော့ ဒါက မင်းနဲ့ ရေစက်ပါပုံပဲ"
ထိုသို့ပြောပြီးနောက် ချန်ချန်က ကောင်းကင်နတ်ဘုရားရွှေကို ရှရှီယွမ်လက်ထဲသို့ ထည့်လိုက်သည်။

"နတ်ဘုရားသတ္ထုလား? ဒါက အရမ်းတန်ဖိုးကြီးတယ်......" ရှရှီယွမ် အံ့အားသင့်နေကာ ငြင်းပယ်လိုနေသည်။
ဟောင်ရန်ဓားကလန်တွင်လည်း နတ်ဘုရားသတ္ထုဖြင့် ပြုလုပ်ထားသော လက်နက် နှစ်ခု သုံးခု ရှိသော်လည်း နှစ်ပေါင်းများစွာကပင် စိတ်ဝိညာဉ်ပုံစံပေါ်ခြင်းအထက်ဆင့်မှ ကျွမ်းကျင်သူများ၏ လက်ထဲတွင် ရှိနေကြ၏။
၎င်းက သူမ၏ အသက်သွေးလက်နက်မဟုတ်ချေ။
အတိတ်တွင် ထိုလက်နက်များသည် ကျွမ်းကျင်သူများ၏ ကိုယ်ပိုင်တံဆိပ်ခတ်ခြင်းကို ခံခဲ့ရသဖြင့် သူတို့ကို ပြန်လည်ပြုပြင်၍မရတော့ချေ။
ယခု ချန်ချန်က သူမကို လုံးဝသွန်းလုပ်ရခြင်းမရှိသေးသော နတ်ဘုရားသတ္ထုတစ်စကို ပေးလာသည်။ ၎င်းက အလွန်အမင်း တန်ဖိုးကြီးပေသည်။

ကောင်းကင်ထက်မှ ဟောင်ရန်ဓားကလန်၏ သူတော်စင်မယ်သည် ဒေါသထွက်မှုကြောင့် မျက်ရည်များ ကျလုနီးပါးပင်။
'သူက နင့်ကို ပေးလိုက်တာဆိုတော့ ယူလိုက်ပေါ့ ဘာလုပ်နေတာလဲ? သူက နင့်ရဲ့ လက်တွဲဖော်ဖြစ်သွားပြီလေ သူ့ဆီကနေ ဘာလို့မယူရမှာလဲ?'
'ငါ့တပည့်က ဒီလောက်မတုံးအ,ဖူးပါဘူး!'
ထိုအချိန်တွင် သူမ ဆင်းသွားပြီး ရှရှီယွမ်ကိုယ်စား နတ်ဘုရားသတ္ထုကို ယူလိုက်ချင်နေ၏။

အောက်မှ ချန်ချန်သည် ထိုစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
၎င်းကို မြင်ပြီးနောက် ရှရှီယွမ်သည် ကောင်းကင်နတ်ဘုရားရွှေကို သိမ်းဆည်းလိုက်လေသည်။
သူမငယ်စဉ်ကတည်းက ထိုမျှတန်ဖိုးကြီးသော လက်ဆောင်မျိုးမရရှိခဲ့ဖူးချေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Donde viven las historias. Descúbrelo ahora