အပိုင်း ၁၄၉ (စာစဉ် ၁၀ အပိုင်း ၁၄)

919 119 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၄၉ (စာစဉ် ၁၀ အပိုင်း ၁၄)
အိမ်ပြန်ခြင်း

ဂျင်းရန်၏ ခန္ဓာကိုယ်က များစွာသော အဖျက်အဆီးစွမ်းအင်များကြောင့် ပြာဖြစ်သွားပြီး သိုလှောငိလက်စွပ်နှင့် ရတနာအချို့သာ မြေပြင်ပေါ်တွင် ကျန်ရှိနေတော့သည်။
ချန်ချန် သိုလှောင်လက်စွပ်နှင့် ရတနာများကို ကောက်ယူလိုက်သည်။
သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ကြည့ရန် သူ အလျင်မလိုချေ။ ယခုကဲ့သို့တိုက်ပွဲကြိးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အနားယူရန် အချိန်လိုအပ်ပေသည်။
သူ့လက်ထဲမှ အကြွင်းမဲ့နတ်ဘုရားဓားကို ကိုင်ထားရင်း ချန်ချန် မြက်ခင်းပေါ်တွင် လဲချလိုက်သည်။
ကောင်းကင်ပြာကို ကြည့်ရင်း သူနှလုံးသားက ဗလာဖြစ်သွား၏။
သူ့ခြေလက်များ အဖြတ်ခံခဲ့ရသည်ကို ပြန်သတိရမိရင်း ချန်ချန့်နှလုံးသားတွင် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်သွားသည်။ ထိုသို့ထပ်ဖြစ်လျှင် သူ အတော် ထိတ်လန့်သွားပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် ရတနာလေး ငါ အသက်ရှင်ခဲ့ပြီ" ချန်ချန်က အကြွင်းမဲ့နတ်ဘုရားဓားကို ထိရင်း ရင်တုန်ပန်းတုန်ဖြင့် ပြောလိုက်သည်။
အကြွင်းမဲ့နတ်ဘုရားဓားသည် ပျော်ရွှင်သွားပုံရပြီး အနည်းငယ် တုန်ခါသွားသည်။ ထို့နောက် ချန်ချန်၏ ရွှေရောင်အမြုတေဆီသို့ ရွေ့လျားလာသော်လည်း မကြာမီပြန်ထွက်လာကာ အနည်းငယ် စိတ်ရှုပ်နေဟန် ရနေပြီး "ငါ့ရဲ့ အိမ် ဘယ်နားမှာလဲ"ဟု ပြောနေသလိုပင်။

"ငါက ရွှေရောင်အမြုတေပဲ" ချန်ချန်က အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။
အကြွင်းမဲ့နတ်ဘုရားရွှေသည် ချန်ချန် ဘာပြောသည်ကို နားလည်ပုံရပြီး ချန်ချန့်ညာဘက်လက်တွင် ရစ်ပတ်နေလိုက်၏။
အကြွင်းမဲ့နတ်ဘုရားဓားက တဖြည်းဖြည်းတိတ်ဆိတ်သွားကာ ခ‌ျန်ချန် စဉ်းစားနေမိသည်။ ထို့နောက် သူ့၏ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူကာ သူ လုံခြုံကြောင်း မိစ္ဆာကလန်သို့ သတင်းပို့ပြီးနောက် သူ့မျက်လုံးများကို မှိတ်လိုက်သည်။
ပင်ပန်းနွယ်နယ်မှုက ချန်ချန့်ကို စိုးမိုးထားပြီး ရှန်းလင် မသေခင် ပြောခဲ့သော စကားများကို ပြန်သတိရမိသည်။
၎င်းက သူ၏ မိဘများအကြောင်းကို တွေးမိစေ၏။
သူ ထွက်လာခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် အိမ်ပြန်သင့်ပေသည်။
သူ့စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် အိမ်ပြန်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now