အပိုင်း ၁၆၈ (စာစဉ် ၁၂ အပိုင်း ၃)

839 133 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၆၈ (စာစဉ် ၁၂ အပိုင်း ၃)
ဟောင်ရန်ဓားရေကန်

မိနစ်များ ကုန်ဆုံးသွားသည်။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးတစ်ပိုင်းသည် နတ်ဘုရားသားရဲ၏ အရှိန်အဝါကြောင့် သူ့စွမ်းအား တစ်ဝက်လောက်ကိုသာ ထုတ်သုံးနိုင်ပေသည်။ တဖြည်းဖြည်းနှင့် သူ ဟိန်းဟောက်ကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်ပြီး ချန်ချန့်ကို မီတာများစွာ အဝေးသို့ လွင့်စင်သွားစေ၏။

"စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ"
ချန်ချန် ရေရွတ်ကာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် လူအိုကြီး ထားခဲ့‌သော သိုလှောင်လက်စွပ်ကို အလျင်အမြန် ရှာဖွေပြီးနောက် အဝေးသို့ ပျံသန်းသွားလေသည်။
ထိုလူအိုကြီးက ပျောက်ဆုံးနေပြီး အခြားသူများသာ သူ့ကို မြင်သွားလျှင် သူက လုယက်သူတစ်ယောက်ဟာ ထင်ကောင်းထင်ကြပေမည်။
'ငါက အရမ်းချမ်းသာတာ လုယက်တာလို နိမ့်ကျတဲ့အရာမျိုးကို ငါက လုပ်ရမှာလား?'
တကယ်ဆို သူ၏ ပိုင်ဆိုင်မှုများကို ကြွားလုံးမထုတ်နိုင်ချေ။ ထိုသို့မဟုတ်လျှင် ပြစ်မှုတစ်ခုကျူးလွန်ထားသည်ဟု အခြားသူများကို ပြော‌ပြနေသလို ဖြစ်နေပေလိမ့်မည်။

အကွာ‌အဝေးတစ်ခုအထိ ပျံသန်းပြီးမှ ချန်ချန်က လူအိုကြီး၏ သိုလှောင်လက်စွပ်ကို ထုတ်ယူကာ အချုပ်အနှောင်များကို ချိုးဖျက်လိုက်သည်။
လူအိုကြီးက အလယ်ဆင့်စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ပါသည်ဟု ပြောပြီး သူ့ကိုပေးခဲ့သော သိုလှောင်လက်စွပ်မှာ အတုဖြစ်မှန်း အသိသာပင်။
သို့သော်လည်း သူ၏ သိုလှောင်လက်စွပ်ထဲတွင် တကယ်ပင် ပစ္စည်းများစွာ ရှိနေ၏။
အလယ်ဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀ ၆၀၀၀ခန့် ရှိနေပြီး ဂျင်တိုင်းပြည်မှ ကျင့်ကြံသူ ၉၉%ထက် ပို၍ ချမ်းသာပေသည်။ ဆေးလုံးများ၊ မှော်ရတနာများနှင့် အခြားအရာများလည်း ရှိနေပြီး သိုလှောင်လက်စွပ်ထောင့်တွင် များစွာသော အရိုးများလည်း ရှိနေသည်။
အရိုးများတွင် ကိုက်ဖြတ်ရာများ ရှိနေပြီး သူ့ဘေးတွင် တံဆိပ်ပြားအချို့ ရှိနေသည်။
သူက လုယက်ခြင်းကို ပြုလုပ်သည်မှာ ပထမအကြိမ်မဟုတ်ဘဲ ထိုအရိုးများမှာ သူ့သားကောင်များ၏ အရိုးများ ဖြစ်နိုင်ပေသည်။ ထိုကြောင့် သူ ချမ်းသာနေရခြင်း ဖြစ်၏။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now