အပိုင်း ၁၉၇ (စာစဉ် ၁၄ အပိုင်း ၂)

657 93 2
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၉၇ (စာစဉ် ၁၄ အပိုင်း ၂)
အထင်ကြီးဖွယ် ပြိုင်ဘက်

'ငါ ဘာကို အံ့အားသင့်နေတာလဲ? ငါ့ကိုယ်ငါ အရှက်မဲ့အောင် လုပ်နေသလိုပဲ!'
သူ့ခံစားချက်များ တစ်ခုခုမှားယွင်းနေသည်ကိုာ ချန်ချန် နားလည်သွားသောအခါ သူ့ခံစားချက်ကို ချက်ချင်း ထိန်းချုပ်ပြီး ပြန်လည်တည်ငြိမ်လာ၏။

"ငါက ဘယ်လိုလူမျိုးလဲဆိုတာ နင် ပြောနိုင်လား?"
ကျောက်စိမ်းဆေးမီးဖိုကလန်၏ သူတော်စင်မယ်သည် နွေးထွေးစွာ ပြုံးကာ သူ့အနားတွင် ရပ်နေပြီး သာမန်မိန်း‌ကလေးတစ်ယောက်နှင့် တူနေသည်။ သူမ၏ အပြုံးသည် သူ့နှလုံးသားကို နွေးထွေးသွားစေရန် လုံလောက်ပေသည်။

"သူတော်စင်မယ်က......"
ချန်ချန် ဒေါသတကြီး အပြစ်တင်လိုသော်လည်း ထိုစကားလုံးကို ပြောပြီးနောက် သူ ရပ်တန့်သွားသည်။
ထို့နောက် သူ့စကားကို မဆက်နိုင်တော့ကြောင်း သဘောပေါက်သွားသည်။
တကယ်ဆို အရာအားလုံးသည် အခြေခံကျသော အရာများကို ပြန်သွားနေ၏။
စိတ်ထဲတွင် ထိုအတွေးဖြင့် သူ့ခေါင်းကို ငုံ့ကာ အားတင်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်‌တော် တောင်းပန်ပါတယ် သူတော်စင်မယ် ကျွန်တော့ဘဝမှာ သူတော်စင်မယ်လောက် ထူးခြားတဲ့ အမျိုးသမီးကို မမြင်ဖူးခဲ့ဘူး ကျွန်တော် အံ့အားသင့်သွားလို့ ကျွန်တော့စကားတွေ အဆက်အစပ်မရှိ ဖြစ်သွားတာပါ"

"နင်က ငါ့ကို မျက်နှာချိုသွေးနေတာလား? ဒီနည်းလမ်းက နည်းနည်းအဆင့်နိမ့်နေတယ်"
ကျောက်စိမ်းဆေးမီးဖိုကလန်၏ သူတော်စင်မယ်သည် တည်ငြိမ်နေဆဲဖြစ်သော်လည်း သူမမမျက်ဝန်းများ အနည်းငယ်တောက်ပသွား၏။

"မဟုတ်ပါဘူး ကျွန်တော်က အမြဲတမ်း ရိုးသားဖြောင့်မတ်တဲ့လူပါ ကျွန်တော် တစ်ခါမှ မလိမ်ဘူးပါဘူး ကျွန်တော် ကလေးဘဝကတည်းက ကျွန်တော့်မိသားစုဟာ ကျွန်တော်က အရမ်းနုံအ,တယ်လို့ ထင်နေခဲ့ပြီး ပိုပြီး လေ့‌လာစေချင်ခဲ့တယ်....."

"ဒါပေမယ့် ကျွန်တော် နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ လေ့လာခဲ့ပါစေ သူတော်စင်မယ်ကို ဖော်ပြဖို့ စကားလုံးတွေ ပျောက်ရှနေတုန်းပါပဲ....."

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Donde viven las historias. Descúbrelo ahora