အပိုင်း ၁၈၄ (စာစဉ် ၁၃ အပိုင်း ၄)

758 98 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၈၄ (စာစဉ် ၁၃ အပိုင်း ၄)
ဒီလိုလူမျိုးတစ်ယောက် အမြဲတမ်းရှိနေတယ်

"ကျုပ် ကလန်ခေါင်းဆောင် မလုပ်နိုင်ဘူး" ချန်ချန် ငြင်းပယ်လိုက်သည်။

"ဘာဖြစ်လို့လဲ? ငါ ဆုံးဖြတ်ပြီးသွားပြီ မင်းက ငါ့မိစ္ဆာကလန်ရဲ့ ဒုတိယအကောင်းဆုံးကျွမ်းကျင်သူပဲ ပြီးတော့ မင်းက ထက်မြက်တယ် ဒါကြောင့် ဒီနေရာဟာ ငါ့ထက် မင်းနဲ့ ပိုသင့်တော်တယ်"

"မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်က စီနီယာမကျသလို အတွေ့အကြုံလည်း မရှိသေးပါဘူး"

ဒါဆိုလည်း ထားလိုက်ပါတော့ ဒီအကြောင်းကို နောက်မှ ထပ်ပြောကြတာပေါ့"

သူတို့က အချင်းချင်း ငြင်းပယ်နေပြီး မိစ္ဆာကလန်ခေါင်း‌ဆောင်ဟူသော အဆင့်အတန်းက ယူလိုက်သည့်သူကို သတ်နိုင်သည့် အဆိပ်ဘွဲ့တစ်ခုလို ဖြစ်နေ၏။
အဆုံးတွင် ချန်ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကလန်ခေါင်းဆောင် မိစ္ဆာကလန်က စွမ်းအားကို အမြဲတမ်းလေးစားတန်ဖိုးထားကြတယ် အသန်မာဆုံးလူသာ ကလန်ခေါင်းဆောင် ဖြစ်နိုင်ပါလိမ့်မယ် ဒါက ကျွန်တော်တို့ ချိုးဖျက်လို့ မရနိုင်တဲ့ စည်းမျဉ်းပဲ ဒါမှမဟုတ်ရင် ကလန်ထဲက လူတိုင်းဟာ နောက်ပိုင်းမှာ ရည်မှန်းချက်တွေ တအားကြီးမားသွားလိမ့်မယ်"

ထိုစကားများကို ကြားပြီးနောက် ကျိုးရန်လုံ၏ အမူအရာက အလွန်အမင်း မှုန်ကုပ်သွားသည်။
သူက ချန်ချန့်ကို အနည်းငယ် စမ်းသပ်ချင်ခဲ့သော်လည်း ချန်ချန်သာ ကလန်ခေါင်းဆောင် တကယ်ဖြစ်လိုလျှင် သူ ငြင်းပယ်မည်မဟုတ်ချေ။
သို့သော်လည်း သူ့ကို သူ အနည်းငယ်စိုးရိမ်နေပြီး သူ့တွင် အခြားသော အဆင့်အတန်းပုံရိပ် ရှ်သေးလားဆိုတာ သူ ရှာဖွေဖော်ထုတ်ရပေမည်။
သို့သော် အခုတော့.....

သူ ပြောစရာစကား ပျောက်ရှနေသည်။ သူ့ရှေ့ရှိ လူငယ်လေးက ကလန်ခေါင်းဆောင် မဖြစ်ချင်ပေ။
ထိုသို့ဖြစ်သောကြောင့် ချန်ချန့်တွင် အခြားသော အဆင့်အတန်းများ ရှိလျှင်ပင် သူ့ကို သူ ဆွဲခေါ်ထားနိုင်မည်မဟုတ်ချေ။
သူ့အတွက်ကတော့ မိစ္ဆာကလန်အပေါ် ကျန်းချန်က မည်သည့်ဆိုးရွားသော အတွေးမျှ မရှိကြောင်း သိလိုက်ရသည်က လုံလောက်နေလေပြီ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now