အပိုင်း ၁၇၄ (စာစဉ် ၁၂ အပိုင်း ၉)

827 126 0
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၁၇၄ (စာစဉ် ၁၂ အပိုင်း ၉)
အားလုံးက ငါ့ဟာတွေ

အခွင့်အလမ်းတစ်ရာနီးပါးကို မြင်ပြီး ချန်ချန် အသက်ပြင်းပြင်းရှူလိုက်သည်။
ဤတစ်ကြိမ်တွင် သူ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်ရာတွင် ကူညီပေးနိုင်မည့် တစ်ခုခုကို ရှာဖွေရပေမည်။ တစ်ချိန်တည်းတွင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အတိဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ရန် အားကိုးနိုင်မည့် အရာတစ်ခုခုကိုလည်း ရှာဖွေရပေမည်။
ရိုးရိုးသားသားပြောရလျှင် သူ၏ ရွှေရောင်အမြုတေ အတိဒုက္ခသည် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အတိဒုက္ခက မည်သို့ဖြစ်မည်ကို သူ စိတ်မကူးနိုင်ချေ။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် လုံလောက်သော ရတနာများ ထိပ်တန်းကောင်းကင်ရတနာများ မရှိလျှင် အတိဒုက္ခကြောင့် သူ သေဆုံးသွားပေလိမ့်မည်။
ကျေးဇူးတင်ရမည်မှာ ယခင်က ‌စက်ဆုပ်ရွံ့ရှာဖွယ်များကို သူ မပြုလုပ်ခဲ့သောကြောင့် ကောင်းကင်သည် သူ့ကို ကြင်နာကောင်း‌ကြင်နာပေလိမ့်မည်။

"လောင်ဟေး အနောက်မြောက်ဘက် ကီလိုမီတာ၂၀၀ကို သွားမယ်"

"ကောင်းပြီ"
ချန်ချန့်ညွှန်ကြားချက်ကို လက်ခံရရှိပြီးနောက် လောင်ဟေးက နတ်ဆိုးများကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ကီလိုမီတာ၂၀၀ကို သွားရန် နတ်ဆိုးများအတွက် အချိန်သိပ်မကြာလိုက်ချေ။ မကြာမီ သူတို့က မြေ‌သားတောင်ကုန်းတစ်ခု၏ ထိပ်တွင် စုဝေးလိုက်ကြ၏။

"တူးကြ!"

လောင်ဟေးက ဒယ်အိုးကြီးကို ဝေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။
နတ်ဆိုးများက ဘာမှ မပြောကြဘဲ သူတို့၏ စွမ်းရည်များကို စတင်ပြသတော့သည်။ မကြာမီ သူတို့က ဂူသင်္ချိုးကြီးတစ်ခုကို တူးထုတ်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်ပြီး နတ်ဆိုးများအားလုံးသည် လောင်ဟေးကို ‌တလေးတစားကြည့်နေကြ၏။
လောင်ဟေးသည် မြေကမ္ဘာဝက်တစ်ကောင်ဖြစ်သော်လည်း သူ၏ စွမ်းရည်က အတော်လေး အစွမ်းထက်နေသည်။ ခွေးနတ်ဆိုးများအပါအဝင် သူတို့ထဲရှိ မည်သူမျှ မြောက်အောက်တွင် တစ်ခုခုရှိနေကြောင်း အာရုံမခံမိကြချေ။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 101-200Where stories live. Discover now