part-1

8.5K 410 21
                                        

Zawgyi သမားတွေတွက် completeမှ တင်ပေးပါည်။ uni ကနေ zaw ပြောင်းရာမှာ အခက်ခဲလေးရှိနေလို့ပါ

Unicode

မင်းက အဖြူဆို
ငါက အမဲ......

မင်းကပြဒါးလမ်းဆို
ငါကသံလမ်း

မင်းကကျောဘက်ဆို
ငါကရင်ဘက်

မင်းကအမုန်းဆိုရင်တော့
ငါကအချစ်ထင်ပါရဲ့

ငါ့ရဲ့ပြိုင်ဘက်လေး......

.................VS story is start.....................
.
.
.
.
.
.
.
.
.
.
.
.

"ဆရာမ !! ‌ဆရာမရေ !!!! "

ရန်ဟွမ်းအဆင့်မြင့်မူလတန်းကျောင်း တစ်ခုတွင်ဖြစ်သည်။‌ကျောင်းသားလေး တစ်ယောက်က ဆရာများနားနေဆောင်ကို ပြေးလွှားရင်း အသံဆာဆာလေးက ဆရာမဖြစ်သူကို အော်ခေါ်လို့နေတယ်။

"ဟူး ဆရာမကိုတွေ့ပြီ

"ဘာဖြစ်လာတာလဲ ဝူချွမ်း "

အမောတကောဖြစ်နေတဲ့ကလေးငယ်ကြောင့် ဆရာမဟာလည်းထိတ်လန့်သွားသည်။

"ဟို....ဟို .......ရိပေါ်နဲ့ကျန့်ကျန့် ရန်ဖြစ်နေပြန်ပြီ ဆရာမ သားတို့ဝိုင်းတားတာကို သားတို့ကိုလည်း ရိပေါ်က တွန်းလွှတ်တယ်"

"ဒီကလေးနှစ်ကောင်ဖြစ်ကြပြန်ပြီလား ။ အခုဘယ်မှာလဲ အဲ့နှစ်ယောက် !!"

ဆရာမဖြစ်သူ ကြိမ်လုံးနှစ်ခုကိုပူးကိုင်လိုက်တာမြင်တော့ တိုင်တန်းသူ ဝူချွမ်းက ကြက်သီးမွှေးညှင်းတွေပါထောင်လာတယ်။ သူတို့ဆရာမက ကြိမ်လုံးကိုင်ပြီးကလေးတွေကိုစာသင်တက်သူမဟုတ်သော်လည်း ဒီနှစ်လုံးပူးက ၀မ်ရိပေါ်နဲ့ရှောင်ကျန့်အတွက် သီးသန့်ရွှေကြိမ်လုံး။

ဝူချွမ်းရဲ့လမ်းပြမူနဲ့ ရန်ပွဲနေရာကိုရောက်လာတော့ မြင်လိုက်ရတာ အုံခဲနေတဲ့ ကလေးတစ်သိုက်။

"အဲ့တာဘာလုပ်နေကြတာလဲ အခုကိုယ့်အခန်းကိုယ်ပြန်နေကြ။"

ဆရာမအော်သံကြောင့် အုံခဲနေတဲ့ကလေးတွေက လူစုကွဲသွားကြသည်။ ကလေးအုပ်ကြီးကြဲသွားတော့ အလယ်ကသဲပုံပေါ်ကကလေးနှစ်ယောက်က ရှင်းလင်းစွာပေါ်လာသည်။

VS (ငါ့ပြိုင်ဘက်) (Complete)Où les histoires vivent. Découvrez maintenant