Unicode
"ရှောင်းကျန့် !!! ရှောင်းကျန့် !!!"
အောက်ထပ်ကနေ ၀မ်ရိပေါ်ရဲ့ခေါ်သံတွေကြားပေမဲ့ ရှောင်းကျန့်မသိချင်ယောင်ဆောင်ပြီး အ၀တ်အစားထည့်နေတုန်း။
"ရှောင်းကျန့် အဲ့တာ ဘာလုပ်တာလဲ !!!"
သူ့ကို တစ်ချက်သာ မော့ကြည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေတဲ့ ရှောင်းကျန့် က သူ့ကိုဉပက္ခာပြုထားတယ်။
"ရှောင်းကျန့် ငါကို အဖက်လုပ်ဉီး!!!"
ရှောင်းကျန့်ရဲ့ လက်နှစ်ဖက်လုံးကို ဖမ်းချုပ်ထားပြီး မျက်နှာချင်းဆိုင်စေလိုက်တယ်။
"ဖယ်လွှတ်!!! "
"မလွှတ်ဘူး အဲ့နေ့ညက အနမ်းကြောင့်လား "
ရှောင်းကျန့်က သူ့ကိုမကြည့်ဘူး။မျက်နှာလွှဲပစ်တယ် ။
"ရွံလို့လား မုန်းလို့လား .....အကြောင်းပြချက်ရှိရမယ်လေ။ ငါကိုမချစ်နိုင်ဘူး ဆိုရင်တောင် အကြောင်းပြချက်လေးရှိရမယ်လေ"
ရိပေါ်ရဲ့မျက်ရည်စ ...တစ်စက်...နှစ်စက် က ထိန်းချုပ်ခံထားရတဲ့ ရှောင်းကျန့်ရဲ့ လက်ခုံပေါ်ကို ကျဆင်းတယ်။
"အရူးကောင်!!! သူကပဲသူတော်ကောင်း ငါကလူယုတ်မာ။ သွားသေလိုက် မင်းလိုကောင်လေ ရေမရှိချောင်းထဲ ငုတ်နဲ့ဆောင့်ပြီး သေနေလိုက် "
"မင်းက ငါ့ကို သေစေချင်လောက်တဲ့အထိ မုန်းနေတာလား အဲ့လောင်ထိတောင်...."
"အား!! ...၀မ်ရိပေါ် ငါမင်းကို တကယ်သတ်မိတော့မယ်....... ပြော ငါက အဲ့လောက်အပေါစားဆန်နေလား ဟမ်...ချစ်တယ်တစ်ခွန်းမှမပြောပဲ ငါရဲ့first kissကိုကျ အမဲဖြတ်သလို ပေါက်ပြဲနေအောင်လုပ်ပြီး ယူသွားတယ်။ ငါရှောင်နေလို့များ အလိုက်တသိ လာရှာမယ် မှတ်ပါရဲ့ ...ဘာတဲ့ ဝူချွမ်းကို သွားပြောတာ အသဲကွဲနေတယ်တဲ့ ..အေး အဲ့မှာ အသဲပဲဆက်ကွဲနေလိုက် အရူးကောင်ရဲ့ "
သူ့ကိုခေါင်းအုံးနဲ့ထုရိုက်ပြီး ပြောနေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ကြောင်အနေတုန်း။
ဒါဆို ရှောင်းကျန့်က သူကိုမုန်းတာလား မမုန်းတာလား။
DU LIEST GERADE
VS (ငါ့ပြိုင်ဘက်) (Complete)
Fanfictiononly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
