Unicode
"ဟဲ့ကလေးတွေ နေတွေဒီလောက်ပူနေတာ ဉီးထုပ်မပါ ဘာမပါနဲ့ ဆော့နေကြရသလား!!!!"
"အခုခေတ်ကလေးတွေ တော်တော်ထိန်းရခတ်တာ"
"ဟုတ်ပါ့အေ ဉီးထုပ်မပါလည်း မြန်မြန်အိမ်ကိုပြန်ကြ နေပူတယ် လမ်းမှာဆော့မနေကြနဲ့တော့ "
နေပူကြဲကြဲ ဈေးလမ်းမဘေးမှာ မတ်တပ်ရပ်နေတဲ့ ကောင်လေးနှစ်ယောက်ကို ဆူပူနေသော အမယ်အိုနှစ်ယောက်က ဈေးကြိုကားပေါ်တက်သွားကြလေပြီ။
"အား !! တော်ပြီ ငါမပြန်တော့ဘူး မင်းဘာမင်းပြန်တော့ မပြန်ဘူး လုံး၀မပြန်တော့ဘူး"
ဒူးဖုံးဘောင်းဘီအဖြူနဲ့ T shirtအနီအကြီးကြီးကို ၀တ်ဆင်ထားတဲ့ ရှောင်းကျန့်က အသံကိုခြစ်ကာအော်ထုတ်တော့ ၀မ်ရိပေါ်က နားနှစ်ဖက်ကို လက်နဲ့ပိတ်ထားသည်။
"နေပူရတဲ့ကြားထဲ မင်းအသံကြီးပိတ်ထားပါ့လား"
"မပိတ်ဘူး!!! မပိတ်နိုင်ဘူး !!! နေကလည်းပူနေပြီ လမ်းကလည်း အဝေးကြီးလျှောက်ရဉီးမှာ အဟင့် မပြန်ဘူး!! လုံး၀မပြန်ဘူး!! ဒီမှာပဲ နေတော့မယ် အဟင့် "
ပြောရင်းဆိုရင်း ဈေးဂိတ်ရှေ့မှာပဲ ငုတ်တုတ်ထိုင်ကာ စတင်ငိုလိုက်သည့် ရှောင်းကျန့်။
"မင်းအပြစ်မင်းသိလေ ပါးပါးတို့က အပြစ်ပေးပါတယ်ဆို သက်သာအောင်ပေးမလား ဘာမှမဆိုင်ပဲ ကြားထဲက သက်သက်အပြစ်ပေးခံရတဲ့ ငါကတောင်ပိုနစ်နာသေးတာ"
" ဟင့် မင်း ဟင့် မင်းအပြစ်လည်းပါတာပဲ မင်းသာအကျင့်မယုတ်ပဲ အလိုက်တသိ စက်ဘီးနင်းလိုက်ရင် ငါက အဲ့လိုလုပ်ပါ့မလား ..... အခုတော့ နေပူကြီးထဲ အဝေးကြီးပြန်ရဉီး မပြန်ဘူး မင်းဘာမင်းပြန်
"
"ဟ ငါ့ဘာငါပြန်လို့ရမလား မင်းမပါပဲပြန်ရင်
လူကြီးတွေက ငါ့ကိုဆူမှာပေါ့ ထကွာ ဒိထက်နေမပူခင်ပြန်ကြမယ်"
"မပြန်ဘူး နေပူကြီးထဲတော့လုံး၀မပြန်နိုင်ဘူး ပါးပါးတို့ မေးရင် ကျီးထိုးသွားပြီလို့ ပြောလိုက် မဟူတ်လည်း ခွေးချီသွားပြီလို့ သူတို့ဘဲ ကျီးထိုးထိုး ခွေးစားစား မြို့နယ်ဈေးအဝေးကြီးကို ခြေလျင် လွတ်ပြီးတော့ မလိုက်ဘူး လုံး၀မလိုက်ဘူး"
YOU ARE READING
VS (ငါ့ပြိုင်ဘက်) (Complete)
Fanfictiononly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
