Unicode
မွေးလထက်စောမွေးလာတဲ့ ရှောင်းကျန့်က ၀မ်ရိပေါ် ထက်စာရင်ချူချာတယ်။ ရှောင်းမားက ရှောင်းပေါက်စကိုမွေးရမည့်ရက်ရောက်ဖို့သုံးလလောက်လိုနေသေးတာတောင် ၀မ်မားက မွေးခန်းထဲ၀င်ချိန်မှာ ဗိုက်နာလာပြီး ရေမွှာပါပေါက်လာတာကြောင့် ဆရာ၀န်တွေက ပြိုင်တူခွဲခန်း၀င်ပေးခဲ့ရသည်။
အဲ့နေ့ကိုရှောင်းပါးနဲ့၀မ်ပါးကကောင်းကောင်းမှတ်မိသေးတယ်။ ဆေးရုံက သားဖွားဌာနတစ်ခုလုံးဗြောင်းဆန်ခဲ့ရတဲ့အချိန်ပေါ့။
....
မနေ့ကတစ်နေ့ခင်းလုံးကောက်စိန်ဖြစ်ပြီး ငိုနေခဲ့တဲ့ ကျန့်ကျန့်က ဒီနေ့မှာတော့ ပန်းဖျားဖျားလေသည်။
အဖျားရှိန်ငွေ့ငွေ့နဲ့ ညည်းညူနေသည့် ကျန့်ကျန့်ကိုကြည့်ပြီး လူကြီးများကလည်းစိတ်မချမ်းသာနိုင်ပေ။
"ဟင့် ကျန့်ကျန့်သွားဘူး ~~~ ၀မ်ရိပေါ်ကိုအရုပ်တွေပေးဘူး ~~~~ ပေးဘူး~~~"
ဆေးရှိန်နဲ့မှေးရင်းကနေ ကယောင်ကတန်းပြောနေတဲ့စကားသံတွေက လူကြီးတွေအဖို့အချစ်တိုးချင်စရာအတိ။
အရုပ်ထုတ်တွေပိုက်လာတဲ့ ကောင်လေးကတော့ အခန်း၀ကနေ ပြန်လှည့်ထွက်သွားတယ်။
"မပေးနေပေါ့။ ငါကလည်း မင်းလိုချင်နေတဲ့ဟိုင်မြန်းပေါင်ပေါင် အရုပ်မပေးတော့ဘူး။"
............
အဖျားပျောက်စပြုနေပြီ ဖြစ်တဲ့ ကျန့်ကျန့်ကိုညခင်းဆန်ပြုတ်တိုက်ပြီး ဆေးထပ်တိုက်ဖို့အရေး ရှောင်းမားမားတို့ အခန်းအတွင်း ပြေးတန်းလိုက်တန်းကစားနေရသည်။
"သောက်ဘူး ကျန့်ကျန့် သောက်ဘူး ......."
"ကျန့်ကျန့်က လိမ္မာပါတယ်ကွာ မဆိုးနဲ့ မားမားမောနေပြီ ဆေးသောက်ပြီးရင် ဂျယ်လီနှစ်တုံးပေးမယ်လေ နော်"
သူကြိုက်တဲ့ ဂျယ်လီအသံကြားတော့ ကျန့်ကျန့်က ကုတင်ပတ်ပြေးနေရာကနေ ခဏရပ်သွားတယ်။ လက်ပုစိလေးများကို တစ်ချောင်းချင်း ချိုးရေကြည့်ပြီး မားမားကိုအော်ကာ ပတ်ပြေးပြန်တယ်။
"ဟုတ်ဘူး မားမားညာတာ ဒီနေ့ကျန့်ကျန့် ဂျယ်လီစားရမဲ့နေ့ဟုတ်ဘူး.... မားမား ညာတာ"
YOU ARE READING
VS (ငါ့ပြိုင်ဘက်) (Complete)
Fanfictiononly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
