Unicode
လူကြီးတွေကို မလှိမ့်တပတ်လုပ်ပြီး ပွဲကိုရောက်နေတဲ့ ရှောင်းကျန့်ဖင်တွေဂဏာမငြိမ်ပါ။
လက်ကနာရီကို တစ်ငုံကြည့်ကြည့်လုပ်နေရတယ်။
"ရှောင်းကျန့် ....ဘာဖြစ်လို့လဲ အိမ်ကမသိအောင်လာတာတော့မဟုတ်ပါဘူးနော်"
"ဗျာ ..မ ..မဟုတ်ပါဘူး ကောရဲ့ မားမားတို့ကိုပြောပြီးမှလာတာပါ။ "
ကျိရန်ကောရဲ့အမေးကို လိမ်ဖြေရတာလဲ သူမှာ တစ်ဒုက္ခပါနော်။
တကယ်ဆို ဒီနေ့ည ညဝိုင်းမရှိတာကို အချိန်ပိုပါရှိသေးတယ်ဆိုပြီး မားတို့ညာကာ သူထွက်လာခဲ့တာ။
လက်ကနာရီကိုပင့်ကြည့်တော့ 8:24 ။ အင်း 10နာရီမတိုင် သူလင်းဟွားကျဲတို့ဆီကို ကြိုရောက်နေရင် ရပြီ။ ဟုတ်တယ် အဆင်ပြေတယ်။
ဟူတ်တယ် ။ အဆင်ပြေမှာပါနော်?? ၀မ်ရိပေါ်လည်းအခုလောက်ဆို အိမ်မှာအိပ်နေလောက်ရောပေါ့။ ပါးပါးက လာမကြိုခင် သူစောရောက်နေဖို့ပဲလိုတာပါ။
မှန်းချက်တိုင်းသာ နှမ်းထွက်တွေ ကိုက်ရင် အကောင်းဆုံးပေါ့.....
" ရှောင်းကျန့်ပြောတဲ့ ကိစ္စ ကောရဲ့ဆရာကိုသေချာမေးပေးထားမယ်။ "
"ဟုတ်ကော ကျေးဇူးပါ။ ကျွန်တော်မှာလည်း ကောပဲ အားကိုးစရာရှိတော့လေ။ ဟဲ "
"ဪ မဟုတ်တာကွာ ကျေးဇူးတင်စရာမလိုပါဘူး။ ရှောင်းကျန့်ကသာ ရုတ်တရက်ကြီးဆိုတော့ကောက အံဩရုံပါ .....မိဘတွေနဲ့ရော တိုင်ပင်ပြီးပြီလား "
"ကျွန်တော်ကြိုမပြောရသေးဘူး ၀င်ခွင့်အောင်မှ ပြောမယ် လုပ်ထားတာ။ ဒီတစ်ခေါက်ကျောင်းပြိုင်ပွဲက ဆုရယ် ကောကောဆရာရဲ့ လက်မှတ်ရယ် ဆိုရင်တော့ အဆင်ပြေမယ်ထင်တာပဲ "
"ကြိုးစားရင်ဖြစ်ပါတယ်ကွာ ရှောင်းကျန့်မှာ ပန်းချီပညာကို ဒီလောက်အလေးထားတဲ့စိတ်လေးရှိမယ်ဆိုတာ ကောက မထင်ခဲ့ဘူး ဟိုးအရင်က ကောတို့နဲ့အတူ ဆရာတွေပုံဆွဲလေ့ကျင့်ပေးရင်တောင် ငိုက်ငိုက်နေပြီးတော့ "
"အဲ့ဒါကတော့ ကောရယ် ....ထားပါတော့ ကောစားလေ ဘာမှလည်းမစားရသေးဘူး။"
ВЫ ЧИТАЕТЕ
VS (ငါ့ပြိုင်ဘက်) (Complete)
Фанфикonly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
