Unicode
ည12နာရီကျော်ဆိုတော့ ကောင်းကင်ပေါ်က လမင်းကြီးက အစွမ်းကုန်ထိန်ထိန်သာနေတယ်။ ခန္ဓာကိုယ်အနှံဖြတ်တိုက်လာတဲ့ ညလေအေးတွေက ချစ်ရသူအနားမှာရှိတော့ ထင်သလောက် မအေးပါလေ။အိမ်ပြန်လမ်းက မြက်ခင်းပြင်ကျယ်ကျယ်ရှိတဲ့ ဖြတ်လမ်းလေးကဆိုတော့ လေထုထဲ ဖြတ်သန်းပျံဝဲနေတဲ့ ပိုးစုန်းကြူငယ်လေးတွေနဲ့ ကြည်နူးဖွယါအတိ။
ပတ်၀န်းကျင်ကြီးက ကြည်နူးရင်ခုန်ဖို့အတိကောင်းပါတယ် မကြည်နူးနိုင်တာ ၀မ်ရိပေါ်ရဲ့ ကြားနေရတဲ့ နားနှစ်ဖက်။
"ဟေ့ ရား ဟေ့မြင်းကြီး မြန်မြန်သွား မြန်မြန် တက်ကလုပ် တက်ကလုပ် မြင်းကြီးက နှေးတယ်ကွာ "
"ရှောင်းကျန့် ငြိမ်ငြိမ်နေ ...မဟုတ်ရင် ငါပစ်ချခဲ့လိုက်မှာ!!!"
"ဟွန့် "
နှာတစ်ချက် မှုတ်ပြီး အမူးသမားက သူလည်တိုင်နားမျက်နှာအပ်လို့ငြိမ်ကျသွားပြန်တယ်။
ရှောင်းကျန့်ကို ဆူဖို့အားခဲထားတဲ့ ၀မ်ရိပေါ်က သူ့ကိုမြင်မြင်ချင်းပြေးဖက်ဖို့လုပ်ရင်းက ခြေမနိုင်ပဲ ကြမ်းပြင်ပေါ် လဲကျသွားတဲ့ ရှောင်းကျန့်ကြောင့် မဆူဖြစ်တော့ဘူး။
မဆူဖြစ်တဲ့အပြင်ကြမ်းပြင်ပေါ်လှဲကျနေရင်းကပဲ အရက်ရှိန်နဲ့ ပါးရဲရဲလေးတွေ မို့တက်အောင် ချစ်စဖွယ်ပြုံးပြနေတော့ ဒီကကောင် တင်းခံနိုင်ရိုးလား။
အခုတော့ အမူးသမားလေးက ၀မ်ရိပေါ်ကျောပေါ်မှာ ။
"ဟေ့ကောင် မင်းငါတို့နောက် ဘာလို့လိုက်နေတာလဲ မလိုက်နဲ့ နေခဲ့ "
"ရှောင်းကျန့်ရာ ဘာတွေပြောနေတာလဲ ငြိမ်ငြိမ်နေပါဆို "
"ဟိုမှာ ငါတို့နောက်လိုက်လာနေတယ်လေ "
လက်ညိုးလေးတစ်ညွှန်ညွှန်နဲ့ ထိုးပြနေတဲ့အရာက ပြည့်ဝိုင်းနေတဲ့ လမင်း။
"ဟီး ဟီး ရိပေါ် ငါကို အဲ့တာ ယူပေး"
"ငါ အာကာသယာဉ်မှူးဖြစ်တဲ့ အချိန်ကျ ယူပေးမယ်"
"မရဘူး ငါက အခုလိုချင်တာ မင်းမယူပေးနေပေါ့ ငါ့ဘာငါယူမယ်"
ပြောရင်း လက်တွေလှုပ်ရမ်းကာ လမင်းကို ဖမ်းယူနေပြန်တယ်။
YOU ARE READING
VS (ငါ့ပြိုင်ဘက်) (Complete)
Fanfictiononly yizhan not zhanyi start date - 16.3.2022 end date......12.4.2022 photo cover by my friend (present for me ✌️) မင်းက အဖြူဆို ငါက အမဲ...... မင်းကပြဒါးလမ်းဆို ငါကသံလမ်း မင်းကကျောဘက်ဆို ငါကရင်ဘက် မင်းကအမုန်းဆိုရင်တော့ ငါကအချစ်ထင်ပါရဲ့ ငါ့ရဲ့ပြိုင်...
