part-3

3.9K 347 13
                                        

Unicode

ရန်ဟွမ်းကျောင်းရဲ့ အလယ်တန်းဆောင်မှာ ကျောင်းတက်ခေါင်းလောင်းမြည်သံနဲ့အတူ ကျောင်းသူ ကျောင်းသားတွေ အတန်းတွင်း၀င်ရောက်ရန် လောကြီးနေကြပြီ။

"ဖိန်းဝူချွမ်း"

"ရှိ"

"မိန်မီမီ"

"ရှိ"

"....."

"ရှိ"

.
.
.
"ရှောင်းကျန့် "

"ရှိ"

"၀မ်ရိပေါ်"

".........."

"၀မ်ရိပေါ်"

".........."

၀မ်ရိပေါ်ရဲ့နာမည် နှစ်ခွန်းခေါ်သံကြားတော့ ရှောင်းကျန့်က နှုတ်ခမ်းတွန့်ရုံ‌ပြုံးသည်။

"ရှောင်းကျန့် ....."

"ရှိပါတယ် ဆရာမ"

"၀မ်ရိပေါ် ဒီနေ့ကျောင်းမလာဘူးလား"

"သား ကျောင်းလာတုန်းက ၀မ်မားသူ့ကိုနှိုးနေသံတော့ကြားတာပဲ .....ကြည့်ရတာ လူကြီးတွေအပြင်သွားတော့ သူမထပဲဆက်အိပ်နေပုံရတယ် "

"ဟင် ... မင်းက ၀င်မနိုးခဲ့ဘူးလား ကိုယ့်သူငယ်ချင်း၀ရိယမရှိရင်  ၀ရိယရှိတဲ့ ကိုယ်က ကူညီရမှာလေ"

"ဟုတ် သားနောက်ဆို ကူညီလိုက်ပါ့မယ်"

"ကဲ ကဲ ထိုင်တော့......အတန်းခေါင်းဆောင် "

"ရှိပါတယ် ဆရာမ"

"၀မ်ရိပေါ်ရောက်လာရင် ညနေခင်းကျောင်းနောက်ဖေးသန့်ရှင်းရေး ပြစ်ဒဏ်ပေးလိုက်"

"ဟုတ်ကဲ့"

လူစာရင်းစစ်ပြီး ကျောင်းအုပ်ရုံးခန်းကိုထွက်သွားတဲ့ ဆရာမရဲ့ နောက်ကွယ်မှာ ကျေနပ်ပြုံးကြီးနဲ့ကျန်ခဲ့တဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ဝူချွမ်းက ကြက်သီးတွေပါထလာတယ်။

"ရှောင်းကျန့် မင်းဘာတွေလုပ်ထားခဲ့ပြန်ပြီလဲ
၀မ်ရိပေါ်လာရင် ပြသာနာတက်ဉီးမယ်"

"ငါဘာလုပ်လို့လဲ"

အင်နိုးစန့်မျက်လုံးလေးနဲ့ ရှောင်းကျန့်က တကယ်ဘာမှမလုပ်ခဲ့ပါဘူး။"မုသားမပါ လင်္ကာမချော"ဆိုသလို ကြည့်ကောင်းအောင်  ပြောခဲ့ရုံတင်ပါ။

VS (ငါ့ပြိုင်ဘက်) (Complete)Where stories live. Discover now