(၂)

83 8 0
                                    

၃)

နောက်ဆုံးတန်းကြိုက်တဲ့ကျွန်တော်က အလိုလိုနေရင်းကို သူနဲ့ထိုင်ခုံဖော်ဖြစ်သွားတယ် ။ (F)အခန်းမှာ ‌ရှိကြတဲ့သောက်ပိန်းတွေထဲ ကျွန်တော်တို့နှစ်ကောင်က repeaterမို့ နည်းနည်းအဆင့်မြင့်တယ်ပြောရမယ် ။ တစ်နှစ်သင်ပြီးသားစာကို နောက်တစ်နှစ်ထပ်သင်ရတာမို့ စာတွေကကြေညက်နေကြပြီ ။ နှစ်ဝက်အရောက်မှာ သူနဲ့ကျွန်တော် ဘာလိုလိုနဲ့ပဲ သူငယ်ချင်းဖြစ်သွားကြတယ်။ ခဲဖျက်ငှားရင်း၊ ဘောပင်ငှားရင်း၊ စာအုပ်ငှားရင်းကနေ ရင်းနှီးသွားတဲ့သံယောဇဉ်လို့ပဲ ဆိုရတော့မှာပေါ့ ။ သူငယ်ချင်းဖြစ်သွားမှသေချာသိလိုက်ရတာ အဲ့ကောင်က တကယ့်ကို တေလေဂျပိုးဆိုတာပါပဲ ။ မကောင်းတာမှန်သမျှ အဲ့ကောင်မလုပ်တတ်တာမရှိဘူး ။ တစ်ခုပဲ .. အဲ့ကောင်က ရည်းစားမရှုပ်ဘူး ။ ကျွန်တော်ကတော့ ရည်းစားရှုပ်တယ် ။

---

၄)

အလှဆုံးကောင်မလေးနဲ့တွဲနိုင်တဲ့သူက တကယ့်ကောင်ပဲလို့ သတ်မှတ်ထားကြတဲ့ ဆယ်ကျော်သက်ဘဝမှာ ရွယ်တူယောက်ျားလေးတွေအားကျရသူအဖြစ် ကျွန်တော်က စံချိန်တင်ခဲ့တယ် ။ ကျောင်းရဲ့အလှဆုံးမိန်းကလေးရဲ့ပါးကိုမှ ကျွန်တော်က နှာဖျားတင်နိုင်ခဲ့သည်မဟုတ်ပါလား ။ ဒိုင်းဆုတွေရလို့ အောင်ပွဲခံတာမဟုတ်ပဲ ရည်းစားကောင်မလေးကြောင့် ကျွန်တော့်မှာနိုင်ပွဲအလီလီနွှဲရပြီး အားကျခြင်းတွေကို ဆုအဖြစ်ရတယ် ။ မရင့်ကျက်တဲ့ဆယ်ကျော်သက်ဘဝမှာ ကျွန်တော်ကဒီလိုအရူးအနှမ်းထတတ်လွန်းခဲ့တယ် ။ သူကတော့ ရင့်ကျက်နေသူတစ်ယောက်လို အေးဆေးတည်ငြိမ်စွာဖြင့် ။ နေ့လည်စာဆင်းချိန်မှာတော့ အိမ်သာထဲသွားပြီး ဆေးလိပ်ကိုဟန်ပါပါနဲ့ခိုးသောက်တတ်တယ် ။ ကျွန်တော်စိတ်မကြည်တဲ့ရက်တွေဆို ဘာမဆိုင်ညာမဆိုင် လွယ်အိတ်ထဲသူခိုးထည့်လာတတ်တဲ့ ဆေးလိပ်တွေအကြောင်း အတန်းပိုင်ဆရာမဆီ သွားပြီးလက်တို့တိုင်တတ်တယ်။ အဲ့အခါ ကလဲ့စားချေတဲ့ပုဒ်မဖြင့် အနာတရဖြစ်သွားရတာ ကျွန်တော်နောက်စေ့ ။ သူက ဖြောင်းခနဲ၊ ဖြောင်းခနဲဖြင့် နောက်စေ့ကိုပိတ်ရိုက်တတ်လေတယ် ။ ကျွန်တော့်ကောင်းမှုအကြောင်းပြုပြီး ဆရာမကသူ့လွယ်အိတ်ကိုနေ့တိုင်းစစ်လို့ ကျောင်းမှာ သူဆေးလိပ်ခိုးသောက်လို့မရတော့ဘူး ။ သူကကျွန်တော့်ကိုမျက်မှောင်တကုပ်ကုပ်ဖြင့်ကြည့်တယ် ။ တကယ်ဆို ကျွန်တော်ကစေတနာနဲ့ ။ သူ့နှုတ်ခမ်းက ဘယ်လောက်လှလိုက်သလဲ ။ ဆေးလိပ်အသောက်များပြီးမဲသွားရင် နှမြောစရာကောင်းလိုက်မဲ့ဖြစ်ခြင်း ။ ဒီလိုကျွန်တော်ထိန်းသိမ်းပေးခဲ့တဲ့နှုတ်ခမ်းပါးက တခြားသူတစ်ယောက်အတွက်မှန်းသာကြိုသိခဲ့ရင် ကျွန်တော်သူ့ကို ဆေးလိပ်တွေချည်း တစ်နေ့အလိပ်တစ်ရာလောက် နင်းကန်သောက်ခိုင်းခဲ့ပါတယ် ။ ခုတော့ဖြင့် ကျွန်တော့်မှာ နောင်တတွေတပွေ့တပိုက် ။

FRIEND [Completed]Where stories live. Discover now