(၁၂)

91 10 1
                                    

၂၃)

ပိတ်စအဖြူနဲ့ အုပ်မိုးလွှမ်းဖို့အတွက် ၈ချပ်မြောက်ကားချပ်ကိုပါ ကျွန်တော်ရေးဆွဲလို့ပြီးသွားပြီ ။ ကားချပ်၈ချပ်ကို ပြခန်းတစ်ခုဆီ လိပ်မူလို့ပေးပို့လိုက်မယ် ။ ပြခန်းကနေ ပြန်ပေးပို့မှာက ကျွန်တော်မဟုတ်တဲ့သူ့ဆီကို ဖိတ်ကြားလွှာတစ်ခု ။ ဒီကားချပ်၈ချပ်ဟာ တစ်လောကလုံးမှာမှ ဒီ၈ချပ်ပဲရှိမှာဖြစ်ပြီး အမည်ရကာစပန်းချီဆရာပေါက်စလေးရဲ့ အနုပညာလောကထဲကျန်ရှိနေမယ့်လက်ရာ‌တွေပဲဖြစ်တယ် ။ ကားချပ်၈ချပ်လုံးမှာ လူတစ်ယောက်တည်းရဲ့ ပုံတူပန်းချီတွေရှိတယ် ။ ဆယ်တန်းကျောင်းသားဘဝတုန်းက သူ ၊ တက္ကသိုလ်ကျောင်းသားလေး သူ ၊ အချစ်ကိုတွေ့လို့မျက်ဝန်းတွေလက်နေတဲ့ သူ ၊ ဘွဲ့ယူတုန်းက သူ ၊ လုပ်ငန်းခွင်ဝင်ပြီဖြစ်တဲ့ သူ ၊ ကျွန်တော့်ကားချပ်တွေကိုကြည့်နေတဲ့ သူ ၊ ဝတ်စုံရွေးနေတဲ့သူ ၊ နောက်ဆုံးအနေနဲ့ အဖြူရောင်နဲ့လှနေတဲ့သူ ။ ကျွန်တော်ဟာသူ့ပုံရိပ်တွေကို ဒီ၈နှစ်တာသက်တမ်းမှာ ငေးကြည့်နေခဲ့သူဖြစ်တယ်။ ပန်းချီဆရာတွေသေသွားရင် သူတို့အနုပညာတွေဟာ တန်ဖိုးထားခံရတယ်တဲ့ ။ ကျွန်တော်သေသွားရင်တော့ ကျွန်တော့်အနုပညာတွေကို သူတန်ဖိုးထားပါစေ ။ ပြီးတော့ ဆုတောင်းချင်တာတစ်ခုက သူရဲဘောကြောင်သူကျွန်တော့်အတွက်နဲ့ သူ့မျက်ရည် မြေမခပါစေနဲ့ ဘုရားသခင်ရယ်လို့ ။

---

၂၄)

လောကကြီးထဲရောက်လာပြီး သူ့ကိုချစ်မြတ်နိုးခွင့်ရှိခဲ့လို့ အရာရာတိုင်းကိုကျေးဇူးတင်ပါတယ် ။ ချစ်ခြင်းမရှိတော့တဲ့အခါ လောကကြီးကနေ ကျွန်တော်ထွက်သွားပါတယ် ၊ ပြီးတော့ တောင်းပန်ပါတယ် ။ ထွက်ပြေးခဲ့လို့ ကျွန်တော့်ဘဝနဲ့ ပတ်သက်ဆက်နွယ်သူတွေကို အနူးအညွှတ်တောင်းပန်ပါတယ် ။ တိုက်ခန်းရဲ့နံရံနားမှာကပ်ပြီး နေရာချထားတဲ့စာကြည့်စားပွဲပေါ်မှာ စာနှစ်စောင်ကျန်ရှိခဲ့တယ် ။ တစ်ခုက ကျွန်တော့်ဖေနဲ့မေဆီဖြစ်ပြီး တစ်ခုကတော့ ကျွန်တော့်ချစ်ရသူရဲ့ချစ်ဇနီးလေးဆီ ။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောခဲ့တာက ကျေးဇူးတင်ကြောင်းလေးပါပဲ ။ သူ့ဆီကိုတော့ ကျွန်တော်စာမရေးခဲ့တော့ဘူး ။ ကားချပ်၈ချပ်က ကျွန်တော့်နှလုံးသားစာတွေဖြစ်ပြီး သူငယ်ချင်းသက်တမ်း၈နှစ်ကို ကိုယ်စားပြုနေပါတယ် ။ ကျွန်တော်ထွက်သွားတဲ့နေ့မှာလည်း နွေလယ်ခေါင်ခေါင်ကြီး မိုးကောင်းကင်ညို့နေခဲ့ပါတယ် ။ နောက်ဆုံးအချိန်ထိကို ကျွန်တော်ဟာ ညိုရီမှောင်မှိုင်းလို့ရယ် ။ ဘဝကိုစွန့်လွှတ်ဖို့အရေးထက် သူ့ကိုစွန့်လွှတ်လိုက်ဖို့အရေးကိုပိုပြီးကြောက်ရွံ့တဲ့အခါ အသက်၂၄နှစ်မှာ ဘဝကြီးကိုကျွန်တော်စွန့်ပြီး လောကကြီးထဲကနေ ထွက်သွားပါတယ် ။ ကျွန်တော်တစ်ယောက်တည်း .. တစ်ယောက်တည်းပါပဲ။

FRIEND [Completed]Where stories live. Discover now