(၅)

53 10 0
                                    

၉)

ကျွန်တော့်ဘဝဟာသူဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာပဲ သူ့ဘဝဟာ တခြားသူဖြစ်ကြောင်း သိသွားရတဲ့အချိန်လည်းဖြစ်တယ် ။ တိုက်ဆိုင်မှုတွေက ကြောက်ဖို့ကောင်းတယ် ။ အထူးသဖြင့် သူနဲ့ကျွန်တော့်ရဲ့တိုက်ဆိုင်မှု ။ အဲ့ကောင်မလေးကို အဲ့နေ့က သူမတွေ့လိုက်အောင် ကျွန်တော်ဂိမ်းမဆော့နေပဲ သူ့အာရုံကိုကျွန်တော့်ဆီရောက်အောင်လုပ်နေခဲ့ဖို့ကောင်းတယ် ။ သူနဲ့ပတ်သက်ပြီး အကောင်အထည်မဖော်ဖြစ်လိုက်တဲ့အရာတိုင်းက ကျွန်တော့်ဆီကို နောင်တတွေအဖြစ်နဲ့ ရောင်ပြန်ဟပ်တယ် ။ သူ့ကို ဆေးလိပ်အလိပ်တစ်ရာသောက်ခိုင်းမယ် ၊ သူ့ကိုစာမေးပွဲကျအောင်တမင်လုပ်မယ် ၊ သူ့ကို .. သူ့ကို .. အဲ့ကောင်မလေးကိုမတွေ့သွားအောင် ကျွန်တော်လုပ်ခဲ့ဖို့ကောင်းတယ် ။ ဒီလိုဆိုရင် ကျွန်တော့်နေ့ရက်တွေ အမှောင်ထုထဲကနေ လွတ်မြောက်နိုင်ခဲ့လောက်ပါရဲ့ ။ လွတ်မြောက်နိုင်ကောင်းပါရဲ့ ... ။

---

၁၀)

ကောင်မလေးအတွက်လက်ဆောင်ရွေးဖို့ သူငယ်ချင်းဆီအကြံဉာဏ်တောင်းကြတာက ပုံမှန်ပါပဲ ။ ခက်သည်က ကျွန်တော့်ခံစားချက်က သူ့အပေါ်ပုံမှန်မဟုတ်ခြင်း ။ ဘယ်လိုမှ အတူလိုက်မရွေးပေးနိုင်တာကြောင့် မလိုက်ချင်ကြောင်းပြောတဲ့အခါ သူကစိတ်မဆိုးစဖူး စိတ်ထဆိုးတယ် ။ ပထမဆုံးအကြိမ်အနေနဲ့ သူကျွန်တော့်ကို စိတ်ဆိုးတာ သူ့ကောင်မလေးအတွက် ။ မင်းကျရင်လည်း ငါမကူညီဘူးလို့ သူကအသံကျယ်ကျယ်အော်ပြီး အခန်းတံခါးကိုလည်း ဘမ်းခနဲဆွဲပိတ်သွားသေးတယ် ။ ငါ့ကျရင်ဆိုတဲ့စကားစုက ဒီတစ်သက်မရှိနိုင်တော့ကြောင်း သူ့အင်္ကျီစကိုဆွဲပြီး ကျွန်တော်ပြောပြချင်လိုက်တာ ။ ကျွန်တော့်ဝင်ရိုးစွန်းက သူ့အပေါ်မူတည်နေမှတော့ ကျွန်တော့်ဘေးသူမရှိတဲ့အခါ ဘဝဟာ ဘယ်နည်းနဲ့မှ မလည်ပတ်နိုင်တော့ဘူး ။ ခြွင်းချက်မရှိ ဘယ်လိုနည်းနဲ့မှပေ ။

---

zg;

၉)

ကၽြန္ေတာ့္ဘဝဟာသူျဖစ္ေၾကာင္း သိလိုက္ရတဲ့အခ်ိန္မွာပဲ သူ႔ဘဝဟာ တျခားသူျဖစ္ေၾကာင္း သိသြားရတဲ့အခ်ိန္လည္းျဖစ္တယ္ ။ တိုက္ဆိုင္မႈေတြက ေၾကာက္ဖို႔ေကာင္းတယ္ ။ အထူးသျဖင့္ သူနဲ႔ကၽြန္ေတာ့္ရဲ့တိုက္ဆိုင္မႈ ။ အဲ့ေကာင္မေလးကို အဲ့ေန႔က သူမေတြ႕လိုက္ေအာင္ ကၽြန္ေတာ္ဂိမ္းမေဆာ့ေနပဲ သူ႔အာ႐ုံကိုကၽြန္ေတာ့္ဆီေရာက္ေအာင္လုပ္ေနခဲ့ဖို႔ေကာင္းတယ္ ။ သူနဲ႔ပတ္သက္ၿပီး အေကာင္အထည္မေဖာ္ျဖစ္လိုက္တဲ့အရာတိုင္းက ကၽြန္ေတာ့္ဆီကို ေနာင္တေတြအျဖစ္နဲ႔ ေရာင္ျပန္ဟပ္တယ္ ။ သူ႔ကို ေဆးလိပ္အလိပ္တစ္ရာေသာက္ခိုင္းမယ္ ၊ သူ႔ကိုစာေမးပြဲက်ေအာင္တမင္လုပ္မယ္ ၊ သူ႔ကို .. သူ႔ကို .. အဲ့ေကာင္မေလးကိုမေတြ႕သြားေအာင္ ကၽြန္ေတာ္လုပ္ခဲ့ဖို႔ေကာင္းတယ္ ။ ဒီလိုဆိုရင္ ကၽြန္ေတာ့္ေန႔ရက္ေတြ အေမွာင္ထုထဲကေန လြတ္ေျမာက္နိုင္ခဲ့ေလာက္ပါရဲ့ ။ လြတ္ေျမာက္နိုင္ေကာင္းပါရဲ့ ... ။

---

၁၀)

ေကာင္မေလးအတြက္လက္ေဆာင္ေရြးဖို႔ သူငယ္ခ်င္းဆီအႀကံဉာဏ္ေတာင္းၾကတာက ပုံမွန္ပါပဲ ။ ခက္သည္က ကၽြန္ေတာ့္ခံစားခ်က္က သူ႔အေပၚပုံမွန္မဟုတ္ျခင္း ။ ဘယ္လိုမွ အတူလိုက္မေရြးေပးနိုင္တာေၾကာင့္ မလိုက္ခ်င္ေၾကာင္းေျပာတဲ့အခါ သူကစိတ္မဆိုးစဖူး စိတ္ထဆိုးတယ္ ။ ပထမဆုံးအႀကိမ္အေနနဲ႔ သူကၽြန္ေတာ့္ကို စိတ္ဆိုးတာ သူ႔ေကာင္မေလးအတြက္ ။ မင္းက်ရင္လည္း ငါမကူညီဘူးလို႔ သူကအသံက်ယ္က်ယ္ေအာ္ၿပီး အခန္းတံခါးကိုလည္း ဘမ္းခနဲဆြဲပိတ္သြားေသးတယ္ ။ ငါ့က်ရင္ဆိုတဲ့စကားစုက ဒီတစ္သက္မရွိနိုင္ေတာ့ေၾကာင္း သူ႔အကၤ်ီစကိုဆြဲၿပီး ကၽြန္ေတာ္ေျပာျပခ်င္လိုက္တာ ။ ကၽြန္ေတာ့္ဝင္ရိုးစြန္းက သူ႔အေပၚမူတည္ေနမွေတာ့ ကၽြန္ေတာ့္ေဘးသူမရွိတဲ့အခါ ဘဝဟာ ဘယ္နည္းနဲ႔မွ မလည္ပတ္နိုင္ေတာ့ဘူး ။ ႁခြင္းခ်က္မရွိ ဘယ္လိုနည္းနဲ႔မွေပ ။

---

FRIEND [Completed]Where stories live. Discover now