(၃)

67 10 0
                                    

၅)

ကျွန်တော်တို့က စာကြေညက်နေတဲ့ ဆယ်တန်းဒုတိယနှစ်သမားတွေဖြစ်တာနဲ့အညီ သူရောကျွန်တော်ရော အမှတ်လေးရာနီးပါးဖြင့် ဆယ်တန်းအောင်ခဲ့ကြတယ် ။ ဘယ်အချိန်ကစပြီး သူငယ်ချင်းအရင်းကြီးဖြစ်သွားကြသလဲမသိတဲ့ ကျွန်တော်တို့နှစ်ယောက်က တက္ကသိုလ်ကို အတူတူလျှောက်ဖို့ဆုံးဖြတ်ခဲ့ကြတယ် ။ တစ်ရပ်ကွက်တည်း ၊ တစ်ကျောင်းတည်း ၊ တစ်တန်းတည်းကနေ အခု တက္ကသိုလ်တစ်ခုတည်းဆိုတဲ့ နာမည်တစ်ခုက ထပ်မံတိုးလာခဲ့တယ် ။ ငယ်ဘဝရဲ့ အမှတ်တရပျပျတွေပေါ့ ။ ကျွန်တော်သူ့ကိုသိပ်ချစ်ကြောင်း မီးမောင်းထိုးပြမယ့်အခိုက်အတန့်တစ်ခု တက္ကသိုလ်ရောက်မှသိရတဲ့အကြောင်းသာ ကြိုပြီးသိခဲ့မယ်ဆိုရင် ကျွန်တော်တက္ကသိုလ်ကိုမသွားခဲ့ပါဘူး ။ ဆေးလိပ်တစ်ရာလောက်ကို သူ့ကိုနင်းကန်သောက်ခိုင်းခဲ့မယ့်အတွေးလိုမျိုးပဲ ၊ သူရောကျွန်တော်ရော ဆယ်တန်းစာမေးပွဲအခါခါကျနေအောင် ကျွန်တော်ကြိုးပမ်းခဲ့ပါတယ် ။ အခုတော့ဖြင့် သူဟာတခြားတစ်ယောက်လက်ကိုတွဲရင်း ကျွန်တော်ဟာ ကျွန်တော်မပိုင်ဆိုင်နိုင်တဲ့ ရုပ်နာမ်တစ်ခုကိုငေးရင်း..။

---

၆)

တိမ်ပြာရောင်ဆံနွယ်စနဲ့ ခပ်သွက်သွက်မိန်းကလေးတစ်ယောက်ကိုသူလက်ညှိုးထိုးပြတုန်းက ကျွန်တော်ကသူ့ဖုန်းထဲက Candy Crushဂိမ်းကိုဆော့နေပြီး ရွှေ့ခွင့်တစ်ကြိမ်ပဲကျန်တော့တဲ့ပြဿနာကိုကြုံနေရတာ ။ မျက်မှောင်ကုပ်ကာစိတ်ရှုပ်နေရင်း ကျွန်တော်မော့ကြည့်လိုက်တော့ သိပ်ချစ်စရာကောင်းတဲ့ကောင်မလေးကိုမြင်တယ် ၊ သူ့ကိုလှည့်ကြည့်လိုက်တော့ သိပ်နာကျင်စရာကောင်းတဲ့ ကျွန်တော်အသည်းကွဲခြင်းကိုမြင်လိုက်ရတယ် ။ သောက်ရူးကောင်ကျွန်တော်က ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲပြီး အချစ်ဆိုတာဘာလဲရှာဖွေနေတဲ့အချိန် တကယ့်အချစ်ကဘာလဲဆိုပြီးသိသွားခဲ့တဲ့ မဟာကျရှုံးခန်းကြီးပေါ့ ။ နီးလွန်းရင်မမြင်ရတတ်ဘူး တဲ့ ။ ဒီလိုဆို ကျွန်တော်က တကယ့်ငကန်းလုံးလုံးပဲဖြစ်လိမ့်မယ် ။ သူ့မှာချစ်ခြင်းတရားတွေဖြင့် .. ကျွန်တော့်မှာ ရူးသွပ်ခြင်းတွေဖြင့် .. ကျွန်တော်တို့နှစ်ကောင်လုံး အချစ်ကြီးကြသူတွေဖြစ်တယ် ။

---

18 March 2022 (Fri)

zg;

၅)

ကၽြန္ေတာ္တို႔က စာေၾကညက္ေနတဲ့ ဆယ္တန္းဒုတိယႏွစ္သမားေတြျဖစ္တာနဲ႔အညီ သူေရာကၽြန္ေတာ္ေရာ အမွတ္ေလးရာနီးပါးျဖင့္ ဆယ္တန္းေအာင္ခဲ့ၾကတယ္ ။ ဘယ္အခ်ိန္ကစၿပီး သူငယ္ခ်င္းအရင္းႀကီးျဖစ္သြားၾကသလဲမသိတဲ့ ကၽြန္ေတာ္တို႔ႏွစ္ေယာက္က တကၠသိုလ္ကို အတူတူေလၽွာက္ဖို႔ဆုံးျဖတ္ခဲ့ၾကတယ္ ။ တစ္ရပ္ကြက္တည္း ၊ တစ္ေက်ာင္းတည္း ၊ တစ္တန္းတည္းကေန အခု တကၠသိုလ္တစ္ခုတည္းဆိုတဲ့ နာမည္တစ္ခုက ထပ္မံတိုးလာခဲ့တယ္ ။ ငယ္ဘဝရဲ့ အမွတ္တရပ်ပ်ေတြေပါ့ ။ ကၽြန္ေတာ္သူ႔ကိုသိပ္ခ်စ္ေၾကာင္း မီးေမာင္းထိုးျပမယ့္အခိုက္အတန႔္တစ္ခု တကၠသိုလ္ေရာက္မွသိရတဲ့အေၾကာင္းသာ ႀကိဳၿပီးသိခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တကၠသိုလ္ကိုမသြားခဲ့ပါဘူး ။ ေဆးလိပ္တစ္ရာေလာက္ကို သူ႔ကိုနင္းကန္ေသာက္ခိုင္းခဲ့မယ့္အေတြးလိုမ်ိဳးပဲ ၊ သူေရာကၽြန္ေတာ္ေရာ ဆယ္တန္းစာေမးပြဲအခါခါက်ေနေအာင္ ကၽြန္ေတာ္ႀကိဳးပမ္းခဲ့ပါတယ္ ။ အခုေတာ့ျဖင့္ သူဟာတျခားတစ္ေယာက္လက္ကိုတြဲရင္း ကၽြန္ေတာ္ဟာ ကၽြန္ေတာ္မပိုင္ဆိုင္နိုင္တဲ့ ႐ုပ္နာမ္တစ္ခုကိုေငးရင္း..။

---

၆)

တိမ္ျပာေရာင္ဆံႏြယ္စနဲ႔ ခပ္သြက္သြက္မိန္းကေလးတစ္ေယာက္ကိုသူလက္ညႇိုးထိုးျပတုန္းက ကၽြန္ေတာ္ကသူ႔ဖုန္းထဲက Candy Crushဂိမ္းကိုေဆာ့ေနၿပီး ေရႊ႕ခြင့္တစ္ႀကိမ္ပဲက်န္ေတာ့တဲ့ျပႆနာကိုၾကဳံေနရတာ ။ မ်က္ေမွာင္ကုပ္ကာစိတ္ရႈပ္ေနရင္း ကၽြန္ေတာ္ေမာ့ၾကည့္လိုက္ေတာ့ သိပ္ခ်စ္စရာေကာင္းတဲ့ေကာင္မေလးကိုျမင္တယ္ ၊ သူ႔ကိုလွည့္ၾကည့္လိုက္ေတာ့ သိပ္နာက်င္စရာေကာင္းတဲ့ ကၽြန္ေတာ္အသည္းကြဲျခင္းကိုျမင္လိုက္ရတယ္ ။ ေသာက္႐ူးေကာင္ကၽြန္ေတာ္က ေကာင္မေလးေတြတစ္ေယာက္ၿပီးတစ္ေယာက္တြဲၿပီး အခ်စ္ဆိုတာဘာလဲရွာေဖြေနတဲ့အခ်ိန္ တကယ့္အခ်စ္ကဘာလဲဆိုၿပီးသိသြားခဲ့တဲ့ မဟာက်ရႈံးခန္းႀကီးေပါ့ ။ နီးလြန္းရင္မျမင္ရတတ္ဘူး တဲ့ ။ ဒီလိုဆို ကၽြန္ေတာ္က တကယ့္ငကန္းလုံးလုံးပဲျဖစ္လိမ့္မယ္ ။ သူ႔မွာခ်စ္ျခင္းတရားေတြျဖင့္ .. ကၽြန္ေတာ့္မွာ ႐ူးသြပ္ျခင္းေတြျဖင့္ .. ကၽြန္ေတာ္တို႔ႏွစ္ေကာင္လုံး အခ်စ္ႀကီးၾကသူေတြျဖစ္တယ္ ။

---

18 March 2022 (Fri)

FRIEND [Completed]Where stories live. Discover now