(၁၁)

43 7 0
                                    

၂၁)

ဖာသာရဲ့စကားသံတွေက အရှေ့မှာရပ်နေကြတဲ့ အဖြူရောင်သတို့သားနဲ့သတို့သမီးကို ကောင်းခြင်းတွေဆောင်ကြဉ်းပေးတယ် ။ ပွဲလာပရိသတ်တွေက ဆုတောင်းမေတ္တာပို့သကြတယ် ။ ငိုချင်းချနေတဲ့ရင်ဘတ်ထဲကအကောင်ကိုလျစ်လျူရှုလို့ ကျွန်တော့်နှုတ်ခမ်းပါးကို အတတ်နိုင်ဆုံးပြုံးထားပါတယ် ။ ဂစ်တာတီးလို့ သီချင်းလက်ဆောင်ပေးတဲ့အချိန် မျက်ရည်မကျအောင် ထိန်းရပြန်တယ် ။ Beautiful In Whiteသီချင်းရဲ့စာသားတွေက သူနဲ့အကိုက်ညီဆုံးဖြစ်တယ် ။ ကျွန်တော်ချစ်ရတဲ့အမျိုးသားက အဖြူရောင်နဲ့ လှပလွန်းနေတာမို့ ။ သီချင်းစာသားထဲကလို ကျွန်တော့်အချစ်တွေဟာလည်း သူ့အတွက် အဆုံးအစမဲ့ ... ။ ပျော်ရွှင်ပါစေလို့ဆုတောင်းအပြီးလှည့်ထွက်တဲ့အခါ မျက်ရည်စတွေဟာ လူမသိသူမသိ ကြွေဆင်းခဲ့ရတယ် ။

---

၂၂)

မင်းမင်္ဂလာဆောင်ကျရင်လည်း ငါသီချင်းဆိုပြီးလက်ဆောင်ပေးမယ်ဆိုတဲ့စကားက သူ့နှုတ်ကနေအံကျတယ် ။ ထိုအခါ ကျွန်တော်ဟန်မပျက်ပြုံးရယ်ရတယ် ။ မဖြစ်နိုင်ပါဘူးဆိုတဲ့အကြောင်းတွေ သူ့ကိုမပြောပဲ အေးပါကွာလို့ ခွန်းတုံ့ပြန်လိုက်တယ် ။ ဟန်းနီးမွန်းခရီးစဉ်အတွက် သွားတော့မယ့်သူ့ကို စိတ်အနှောင့်အယှက်နည်းနည်းမှမဖြစ်စေလို ။ ပျောက်ကွယ်သွားတဲ့ကျောပြင်ကို မျက်စိတဆုံးငေးတယ် ၊ ပျံတက်သွားတဲ့ လေယာဉ်ပျံကို အမြင်ကနေကွယ်သည်အထိ လိုက်လံမော့ကြည့်မိတယ် ။ မင်းနဲ့ငါ ဒီဘဝဒီလောက်နဲ့တင် .. ဝေး ခဲ့ ရ ပြီ ချစ်ရတဲ့သူငယ်ချင်းလေး ။

---

31 March 2022 (Thurs)

zg;

၂၁)

ဖာသာရဲ့စကားသံေတြက အေရွ႕မွာရပ္ေနၾကတဲ့ အျဖဴေရာင္သတို႔သားနဲ႔သတို႔သမီးကို ေကာင္းျခင္းေတြေဆာင္ၾကဥ္းေပးတယ္ ။ ပြဲလာပရိသတ္ေတြက ဆုေတာင္းေမတၱာပို႔သၾကတယ္ ။ ငိုခ်င္းခ်ေနတဲ့ရင္ဘတ္ထဲကအေကာင္ကိုလ်စ္လ်ဴရႈလို႔ ကၽြန္ေတာ့္ႏႈတ္ခမ္းပါးကို အတတ္နိုင္ဆုံးျပဳံးထားပါတယ္ ။ ဂစ္တာတီးလို႔ သီခ်င္းလက္ေဆာင္ေပးတဲ့အခ်ိန္ မ်က္ရည္မက်ေအာင္ ထိန္းရျပန္တယ္ ။ Beautiful In Whiteသီခ်င္းရဲ့စာသားေတြက သူနဲ႔အကိုက္ညီဆုံးျဖစ္တယ္ ။ ကၽြန္ေတာ္ခ်စ္ရတဲ့အမ်ိဳးသားက အျဖဴေရာင္နဲ႔ လွပလြန္းေနတာမို႔ ။ သီခ်င္းစာသားထဲကလို ကၽြန္ေတာ့္အခ်စ္ေတြဟာလည္း သူ႔အတြက္ အဆုံးအစမဲ့ ... ။ ေပ်ာ္ရႊင္ပါေစလို႔ဆုေတာင္းအၿပီးလွည့္ထြက္တဲ့အခါ မ်က္ရည္စေတြဟာ လူမသိသူမသိ ေႂကြဆင္းခဲ့ရတယ္ ။

---

၂၂)

မင္းမဂၤလာေဆာင္က်ရင္လည္း ငါသီခ်င္းဆိုၿပီးလက္ေဆာင္ေပးမယ္ဆိုတဲ့စကားက သူ႔ႏႈတ္ကေနအံက်တယ္ ။ ထိုအခါ ကၽြန္ေတာ္ဟန္မပ်က္ျပဳံးရယ္ရတယ္ ။ မျဖစ္နိုင္ပါဘူးဆိုတဲ့အေၾကာင္းေတြ သူ႔ကိုမေျပာပဲ ေအးပါကြာလို႔ ခြန္းတုံ႔ျပန္လိုက္တယ္ ။ ဟန္းနီးမြန္းခရီးစဥ္အတြက္ သြားေတာ့မယ့္သူ႔ကို စိတ္အေႏွာင့္အယွက္နည္းနည္းမွမျဖစ္ေစလို ။ ေပ်ာက္ကြယ္သြားတဲ့ေက်ာျပင္ကို မ်က္စိတဆုံးေငးတယ္ ၊ ပ်ံတက္သြားတဲ့ ေလယာဥ္ပ်ံကို အျမင္ကေနကြယ္သည္အထိ လိုက္လံေမာ့ၾကည့္မိတယ္ ။ မင္းနဲ႔ငါ ဒီဘဝဒီေလာက္နဲ႔တင္ .. ေဝး ခဲ့ ရ ၿပီ ခ်စ္ရတဲ့သူငယ္ခ်င္းေလး ။

---

31 March 2022 (Thurs)

FRIEND [Completed]Where stories live. Discover now