(၈)

48 8 0
                                    

၁၅)

အနာတရကိုတခြားဖက်ဆီအာရုံလှည့်ဖို့လုပ်တဲ့အခါ ကျွန်တော့်စိတ်ထဲရောက်လာတာက စိတ်ထဲကတိမ်းညွှတ်ရာကို လိုသလိုပုံဖော်လို့ရတဲ့ ပန်းချီပညာပါပဲ ။ စုတ်တံနဲ့မဟုတ်ပဲ ဆေးကိုလက်နဲ့ထိပြီး ကင်းဗတ်စပေါ် တိုက်ရိုက်ရေးဆွဲမယ့်ပန်းချီပညာကိုသင်ယူတော့ သင်လွယ်တတ်လွယ်ကျွန်တော့်အသိစိတ်ကို သေချာသိရှိလိုက်ရတယ် ။ နာကျင်ခြင်းကို ပန်းချီထဲမြှုပ်နှံတဲ့အခါ လက်ရာတွေကထက်တယ် ။ ဆရာက သူပြမယ့်ပန်းချီပြပွဲထဲ ကျွန်တော့်ကားချပ်တွေပြချင်ပါသလားလို့ ကမ်းလှမ်းလာခဲ့တယ် ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ပြပွဲနေ့က သူ့မွေးနေ့ဖြစ်နေခဲ့တယ် ။ တွေဝေမနေတော့ပဲ ကျွန်တော်လက်ခံလိုက်တဲ့အခါ ဆရာကကျေနပ်ပြုံးပြုံးတယ် ။ ဆရာ့ပြပွဲထဲ ကျွန်တော့်ကားချပ် သုံးချပ်ထည့်ခွင့်ရမယ် ။ သုံးချပ်လုံးမှာ သူ့အငွေ့အသက်တို့ပဲ လွှမ်းခြုံနေမယ် ။

---

၁၆)

မင်းလက်ရာကသဘာအဆင့်ပါလားလို့ သူချီးကျူးတော့ ကျွန်တော့်မှာသဘောတကျပြုံးရသေးတယ် ။ ဒါပေမယ့် အဲ့ဒီအပြုံးက ဒါဘယ်သူလဲလို့မေးလာတဲ့အခါ ခပ်အမ်းအမ်းဖြစ်ရတော့တာပါပဲ ။ ကျွန်တော့်ချစ်ရသူဟာ သူ့ပုံသူမသိတဲ့အထိ ဒူတဲ့ငဒူဖြစ်တယ် ။ ကားချပ်သုံးခုမှာ အစိတ်အပိုင်းသုံးခုရှိနေတယ် ။ လည်စလုပ်ထင်းထင်း ၊ လက်ချောင်းရှည်သွယ်သွယ် နဲ့ အနောက်ဘက်ကျောပြင်တို့ပါပဲ ။ သူကသူ့ပုံကိုမသိပေမယ့် သူ့လက်မောင်းကိုတွဲထားသူ ကောင်မလေးကတော့ ဘယ်သူဘယ်ဝါဆိုတာ သေချာသိနေဟန်ဖြင့် ကျွန်တော့်ကိုကြည့်လာခဲ့တယ် ။ ထိုအကြည့်မှာ စိတ်ပျက်ခြင်းတို့မရှိ ၊ ရွံမုန်းခြင်းတို့မရှိ ၊ ဒေါသထွက်ခြင်းတို့မရှိပါပဲ စာနာစိတ်တို့သာပြည့်နေတယ် ။ ကောင်မလေးက သူ့ကိုနားလည်သလိုကြည့်ပြီး နှစ်သိမ့်ပြုံးပြုံးပြတယ် ။ သူ့ကမ္ဘာအော်ငိုရတဲ့နေ့ပါပဲ ။ ဒီကောင်မလေးဟာ အရွယ်နဲ့မလိုက် ၊ သူမဆံနွယ်တိမ်ပြာရောင်နဲ့မလိုက်မဖက် ရင့်ကျက်လွန်းသူဖြစ်နေတယ် ။ အရာရာအပိုင်စားရပြီးတဲ့ကောင်မလေးဟာ ကျွန်တော့်ကိုသနားနေလောက်ပါရဲ့ ။ သဘောထားကြီးတဲ့ကောင်မလေးကြောင့် ကျွန်တော့်ဖြစ်တည်မှုဟာ သေးနုပ်သွားရတယ်ဆိုတဲ့ မလုံမခြုံအသိစိတ်ကျွန်တော်ရတယ် ။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတဲ့အခါ ဘယ်သူကမှ ပြန်လည်မရှာဖွေပေးနိုင်တော့ဘူး ။ အဲ့ဒီနေ့က ခြေလှမ်းတွေသဝေထိုးခဲ့တဲ့နေ့ပါပဲ ။

---

24 March 2022 (Thurs)

zg;

၁၅)

အနာတရကိုတျခားဖက္ဆီအာ႐ုံလွည့္ဖို႔လုပ္တဲ့အခါ ကၽြန္ေတာ့္စိတ္ထဲေရာက္လာတာက စိတ္ထဲကတိမ္းညႊတ္ရာကို လိုသလိုပုံေဖာ္လို႔ရတဲ့ ပန္းခ်ီပညာပါပဲ ။ စုတ္တံနဲ႔မဟုတ္ပဲ ေဆးကိုလက္နဲ႔ထိၿပီး ကင္းဗတ္စေပၚ တိုက္ရိုက္ေရးဆြဲမယ့္ပန္းခ်ီပညာကိုသင္ယူေတာ့ သင္လြယ္တတ္လြယ္ကၽြန္ေတာ့္အသိစိတ္ကို ေသခ်ာသိရွိလိုက္ရတယ္ ။ နာက်င္ျခင္းကို ပန္းခ်ီထဲျမႇုပ္ႏွံတဲ့အခါ လက္ရာေတြကထက္တယ္ ။ ဆရာက သူျပမယ့္ပန္းခ်ီျပပြဲထဲ ကၽြန္ေတာ့္ကားခ်ပ္ေတြျပခ်င္ပါသလားလို႔ ကမ္းလွမ္းလာခဲ့တယ္ ။ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ျပပြဲေန႔က သူ႔ေမြးေန႔ျဖစ္ေနခဲ့တယ္ ။ ေတြေဝမေနေတာ့ပဲ ကၽြန္ေတာ္လက္ခံလိုက္တဲ့အခါ ဆရာကေက်နပ္ျပဳံးျပဳံးတယ္ ။ ဆရာ့ျပပြဲထဲ ကၽြန္ေတာ့္ကားခ်ပ္ သုံးခ်ပ္ထည့္ခြင့္ရမယ္ ။ သုံးခ်ပ္လုံးမွာ သူ႔အေငြ႕အသက္တို႔ပဲ လႊမ္းျခဳံေနမယ္ ။

---

၁၆)

မင္းလက္ရာကသဘာအဆင့္ပါလားလို႔ သူခ်ီးက်ဴးေတာ့ ကၽြန္ေတာ့္မွာသေဘာတက်ျပဳံးရေသးတယ္ ။ ဒါေပမယ့္ အဲ့ဒီအျပဳံးက ဒါဘယ္သူလဲလို႔ေမးလာတဲ့အခါ ခပ္အမ္းအမ္းျဖစ္ရေတာ့တာပါပဲ ။ ကၽြန္ေတာ့္ခ်စ္ရသူဟာ သူ႔ပုံသူမသိတဲ့အထိ ဒူတဲ့ငဒူျဖစ္တယ္ ။ ကားခ်ပ္သုံးခုမွာ အစိတ္အပိုင္းသုံးခုရွိေနတယ္ ။ လည္စလုပ္ထင္းထင္း ၊ လက္ေခ်ာင္းရွည္သြယ္သြယ္ နဲ႔ အေနာက္ဘက္ေက်ာျပင္တို႔ပါပဲ ။ သူကသူ႔ပုံကိုမသိေပမယ့္ သူ႔လက္ေမာင္းကိုတြဲထားသူ ေကာင္မေလးကေတာ့ ဘယ္သူဘယ္ဝါဆိုတာ ေသခ်ာသိေနဟန္ျဖင့္ ကၽြန္ေတာ့္ကိုၾကည့္လာခဲ့တယ္ ။ ထိုအၾကည့္မွာ စိတ္ပ်က္ျခင္းတို႔မရွိ ၊ ရြံမုန္းျခင္းတို႔မရွိ ၊ ေဒါသထြက္ျခင္းတို႔မရွိပါပဲ စာနာစိတ္တို႔သာျပည့္ေနတယ္ ။ ေကာင္မေလးက သူ႔ကိုနားလည္သလိုၾကည့္ၿပီး ႏွစ္သိမ့္ျပဳံးျပဳံးျပတယ္ ။ သူ႔ကမၻာေအာ္ငိုရတဲ့ေန႔ပါပဲ ။ ဒီေကာင္မေလးဟာ အရြယ္နဲ႔မလိုက္ ၊ သူမဆံႏြယ္တိမ္ျပာေရာင္နဲ႔မလိုက္မဖက္ ရင့္က်က္လြန္းသူျဖစ္ေနတယ္ ။ အရာရာအပိုင္စားရၿပီးတဲ့ေကာင္မေလးဟာ ကၽြန္ေတာ့္ကိုသနားေနေလာက္ပါရဲ့ ။ သေဘာထားႀကီးတဲ့ေကာင္မေလးေၾကာင့္ ကၽြန္ေတာ့္ျဖစ္တည္မႈဟာ ေသးႏုပ္သြားရတယ္ဆိုတဲ့ မလုံမျခဳံအသိစိတ္ကၽြန္ေတာ္ရတယ္ ။ ကိုယ့္ကိုကိုယ္ေပ်ာက္ဆုံးသြားတဲ့အခါ ဘယ္သူကမွ ျပန္လည္မရွာေဖြေပးနိုင္ေတာ့ဘူး ။ အဲ့ဒီေန႔က ေျခလွမ္းေတြသေဝထိုးခဲ့တဲ့ေန႔ပါပဲ ။

---

24 March 2022 (Thurs)

FRIEND [Completed]Where stories live. Discover now