(၉)

43 7 0
                                    

၁၇)

ပုဂ္ဂလိကအခွန်ရုံးတစ်ခုမှာ အလုပ်ရသွားတဲ့သူက လစာလည်းများလေတယ် ။ သူအလုပ်လုပ်ပြီး နှစ်နှစ်အကြာ သူ့ကောင်မလေးကဘွဲ့ရတယ် ။ ကျွန်တော်ကတော့ ဒီနှစ်တွေထဲ ပန်းချီကိုပဲ စွဲစွဲမြဲမြဲလုပ်ဖြစ်ခဲ့တယ် ။ ကားချပ်တွေတိုင်းမှာ သူ့အငွေ့အသက်တို့ပါတယ် ။ ကျွန်တော်စတူဒီယိုတစ်ခုလုပ်ထားတယ် ၊ အချိန်ရရင်ရသလို ပန်းချီဆွဲတယ် ၊ သူကျွန်တော့်ဆီလာတဲ့ရက်တွေမှာ ကျွန်တော်စတူဒီယိုကိုပိတ်တယ် ၊ သူ့ကိုအချိန်ပေးတယ် ။ သူကျွန်တော့်ဆီမလာတဲ့ရက်တွေမှာတော့ စတူဒီယိုထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် ပိတ်လှောင်ထားလိုက်တယ် ။ တခါတရံ လက်ရာတွေပြပါလားလို့ သူတောင်းဆိုတဲ့အခါ ကျွန်တော်အလွယ်တကူပဲ စတူဒီယိုဖွင့်ပြလိုက်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူကသူ့ပုံသူမသိတဲ့ သောက်ပိန်းတစ်ကောင်ပဲလေ ။ ပိတ်စအဖြူနဲ့အုပ်ထားတဲ့ကားချပ်တွေကိုမြင်တော့ ကြည့်လို့မရဘူးလားလို့မေးတယ် ။ အဲ့ဒီအခါ ကျွန်တော်ကခေါင်းယမ်းပြလိုက်ပြီး စကားတစ်ခွန်းကိုပြန်ဖြေတတ်တယ် ။ အချိန်တန်ရင် မင်းမြင်ရမှာပါဆိုပြီး .. ။ အဲ့ဒီပုံတွေက သူ့လိုသောက်ပိန်းသိသွားနိုင်လောက်တဲ့အထိ သိသာထင်ရှားနေတဲ့ တစ်ကိုယ်လုံးပုံကားချပ်တွေ ။ 

---

၁၈)

သူနဲ့သူ့ကောင်မလေးက နတ်ဖက်တဲ့စုံတွဲဖြစ်ပြီး သိပ်ချစ်ကြတဲ့စုံတွဲလည်းဖြစ်တယ် ။ လေးနှစ်တာသက်တမ်းမှာ သူတို့တွေစိတ်ဆိုးစိတ်ကောက်ဖြစ်တာ မရှိဖူးသလောက်ပဲ ။ ရှိရင်လည်းရှိမှာပေါ့ ၊ ကျွန်တော်ကသူတို့အတွင်းရေး သိနိုင်တာမှမဟုတ်ပဲ ။ သူတို့တွေ ချစ်သူသက်တမ်း ၅နှစ် ၊ ကျွန်တော်နဲ့သူ သူငယ်ချင်းသက်တမ်း ၈နှစ်မှာ .. သူတို့နှစ်ယောက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတယ် ။ ကောင်မလေးက ကျွန်တော့်စိတ်ကိုသိနေပေမယ့် ပုံမှန်အတိုင်းသာပြုမူပေးတယ် ။ အဲ့ဒါက ကျွန်တော့်အပေါ်ယုံကြည်ပေးခြင်းတစ်မျိုး ။ ဒါပေမယ့်လည်း ကျွန်တော့်စိတ်ကတော့ မလုံမခြုံဖြစ်နေဆဲပါပဲ ။ မင်္ဂလာဆောင်ရက် သူတို့တွေသတ်မှတ်ပြီးတဲ့နေ့ အဲ့ဒီအချိန်မှာ ကျွန်တော့်ဆီမယ် ပိတ်စအဖြူအုပ်ထားတဲ့ ကားချပ်ခုနှစ်ခုရှိပြီဖြစ်တယ် ။ အချိန်တန်တော့မယ်လို့လည်း ကျွန်တော်ရေရွတ်ဖြစ်တယ် ။ ထွက်သွားတဲ့အခါ အမှတ်တရလှလှလေးတွေ ကျွန်တော်ချန်ရစ်ထားခဲ့မယ် ။

---

25 March 2022 (Fri)

zg;

၁၇)

ပုဂၢလိကအခြန္႐ုံးတစ္ခုမွာ အလုပ္ရသြားတဲ့သူက လစာလည္းမ်ားေလတယ္ ။ သူအလုပ္လုပ္ၿပီး ႏွစ္ႏွစ္အၾကာ သူ႔ေကာင္မေလးကဘြဲ႕ရတယ္ ။ ကၽြန္ေတာ္ကေတာ့ ဒီႏွစ္ေတြထဲ ပန္းခ်ီကိုပဲ စြဲစြဲျမဲျမဲလုပ္ျဖစ္ခဲ့တယ္ ။ ကားခ်ပ္ေတြတိုင္းမွာ သူ႔အေငြ႕အသက္တို႔ပါတယ္ ။ ကၽြန္ေတာ္စတူဒီယိုတစ္ခုလုပ္ထားတယ္ ၊ အခ်ိန္ရရင္ရသလို ပန္းခ်ီဆြဲတယ္ ၊ သူကၽြန္ေတာ့္ဆီလာတဲ့ရက္ေတြမွာ ကၽြန္ေတာ္စတူဒီယိုကိုပိတ္တယ္ ၊ သူ႔ကိုအခ်ိန္ေပးတယ္ ။ သူကၽြန္ေတာ့္ဆီမလာတဲ့ရက္ေတြမွာေတာ့ စတူဒီယိုထဲမွာ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ပိတ္ေလွာင္ထားလိုက္တယ္ ။ တခါတရံ လက္ရာေတြျပပါလားလို႔ သူေတာင္းဆိုတဲ့အခါ ကၽြန္ေတာ္အလြယ္တကူပဲ စတူဒီယိုဖြင့္ျပလိုက္တယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ သူကသူ႔ပုံသူမသိတဲ့ ေသာက္ပိန္းတစ္ေကာင္ပဲေလ ။ ပိတ္စအျဖဴနဲ႔အုပ္ထားတဲ့ကားခ်ပ္ေတြကိုျမင္ေတာ့ ၾကည့္လို႔မရဘူးလားလို႔ေမးတယ္ ။ အဲ့ဒီအခါ ကၽြန္ေတာ္ကေခါင္းယမ္းျပလိုက္ၿပီး စကားတစ္ခြန္းကိုျပန္ေျဖတတ္တယ္ ။ အခ်ိန္တန္ရင္ မင္းျမင္ရမွာပါဆိုၿပီး .. ။ အဲ့ဒီပုံေတြက သူ႔လိုေသာက္ပိန္းသိသြားနိုင္ေလာက္တဲ့အထိ သိသာထင္ရွားေနတဲ့ တစ္ကိုယ္လုံးပုံကားခ်ပ္ေတြ ။ 

---

၁၈)

သူနဲ႔သူ႔ေကာင္မေလးက နတ္ဖက္တဲ့စုံတြဲျဖစ္ၿပီး သိပ္ခ်စ္ၾကတဲ့စုံတြဲလည္းျဖစ္တယ္ ။ ေလးႏွစ္တာသက္တမ္းမွာ သူတို႔ေတြစိတ္ဆိုးစိတ္ေကာက္ျဖစ္တာ မရွိဖူးသေလာက္ပဲ ။ ရွိရင္လည္းရွိမွာေပါ့ ၊ ကၽြန္ေတာ္ကသူတို႔အတြင္းေရး သိနိုင္တာမွမဟုတ္ပဲ ။ သူတို႔ေတြ ခ်စ္သူသက္တမ္း ၅ႏွစ္ ၊ ကၽြန္ေတာ္နဲ႔သူ သူငယ္ခ်င္းသက္တမ္း ၈ႏွစ္မွာ .. သူတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ဆုံးျဖတ္လိုက္ၾကတယ္ ။ ေကာင္မေလးက ကၽြန္ေတာ့္စိတ္ကိုသိေနေပမယ့္ ပုံမွန္အတိုင္းသာျပဳမူေပးတယ္ ။ အဲ့ဒါက ကၽြန္ေတာ့္အေပၚယုံၾကည္ေပးျခင္းတစ္မ်ိဳး ။ ဒါေပမယ့္လည္း ကၽြန္ေတာ့္စိတ္ကေတာ့ မလုံမျခဳံျဖစ္ေနဆဲပါပဲ ။ မဂၤလာေဆာင္ရက္ သူတို႔ေတြသတ္မွတ္ၿပီးတဲ့ေန႔ အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ့္ဆီမယ္ ပိတ္စအျဖဴအုပ္ထားတဲ့ ကားခ်ပ္ခုႏွစ္ခုရွိၿပီျဖစ္တယ္ ။ အခ်ိန္တန္ေတာ့မယ္လို႔လည္း ကၽြန္ေတာ္ေရရြတ္ျဖစ္တယ္ ။ ထြက္သြားတဲ့အခါ အမွတ္တရလွလွေလးေတြ ကၽြန္ေတာ္ခ်န္ရစ္ထားခဲ့မယ္ ။

---

25 March 2022 (Fri)

FRIEND [Completed]Where stories live. Discover now