🧶Episode 1🧶

1.7K 66 0
                                    

ခနဲ့စွာရယ်သံပြုကာထွက်သွားလေသည်။အနောက်မှသခင်လေးဆိုသူကလည်း ထိုလူနောက်မှထပ်ကြပ်မကွာလိုက်သွားလေတော့သည်။မျက်နှာ‌ကိုသေချာမမြင်ရသော်လည်းထိုနီလွှလွှမြင်ကွင်းသည် အားလုံး၏အကြည့်များကိုဖမ်းစားနိုင်လေသည်။ထိုလူ၏အနီးကပ်ခြင်းခံရသော ဂျောင်ဂုမှာ ထိုလူ့ကိုယ်လုံးငယ်ဆီမှ ချိုအီအီအမွှေးနံ့ကြောင့် ယခုထိတိုင်ရင်ခုန်နှုန်းက 100 ဒီဂရီကျော်လွန်သွားပေပြီ။

~Legend Of Beloved Kim~

"မိုးကောင်းကင် ရွှေမြေကြီး
နေ နှင့် လ
မကောင်းသူ နှင့် ကောင်းသူ
မကောင်းမှု နှင့် ကောင်းမှု
ဤမြေပေါ်ဝယ် အတူဒွန်တွဲမရှိတန်ရာ
ကောင်းကင်ကမ္ဘာ အလိုတော်ကျ
ငါတို့ပညာများနှင့်
လူသားများကိုကာကွယ်စောင့်လျှောက်
ဖေးမကူညီကြစေသား"

ဂျိုဒန်း‌နတ်ကျင့်စဉ်တောင်ပေါ်တွင်မနက်ခင်းနေရောင်ကိုမျက်နှာမူလျက် ကျင့်ကြံသူတို့၏ရွတ်ဆိုနေကြသော ကတိပြုကဗျာပင်။

ပြီးနောက်ကျင့်ကြံသူအားလုံးသည် သက်ဆိုင်ရာကျင့်ကြံနေရာအသီးသီးသို့သွားရောက်ကျင့်ကြံရန် အသီးသီးထွက်ခွာသွားလေပြီ။

"ဂျွန်ဂျောင်ဂု"

"ဟုတ်ကဲ့ပါဆရာ"

"မင်းကိုအလုပ်ကြီးတခုပေးစရာရှိတယ်"

"ဟုတ်ကဲ့တပည့်နားထောင်နေပါတယ်"

"ငါတို့ကမ္ဘာမြေကြီးကိုကာကွယ်ဖို့အတွက် ရတနာ တမျိုးကိုမင်းရှာရလိမ့်မယ်။အဲ့ဒီ့ရတနာဟာ တောင်အောက်ကမျိုးနွယ်စုတခုမှာရှိနေတယ်။သူတို့ရဲ့ကာကွယ်မှုအစီအရင်တို့ကြောင့်ငါတို့တည်နေရာကိုတောင်ရှာမရကြဘူး။အင်အားတော့ကြီးလွန်းတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းက ကောင်ကင်နဲ့မြေကြီးစစ်ဖြစ်ကြ‌တော့ သူတို့ရဲ့ရုတ်မာမှုကြောင့် ငါတို့ကောင်းကင်တပ်က အရေးနိမ့်ပြီး ရတနာ ကိုသူတို့ကယူသွားခဲ့ကြတယ်။ငါတို့ ရတနာ ကို ငါတို့ပြန်စောင့်လျှောက်ဖို့လိုအပ်တယ်။မင်းကဒီမှာ အတော်ဆုံးနဲ့ပညာအမြင့်ဆုံးမို့မင်းကိုအားကိုချင်တယ်"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now