🧶Episode 13🧶

726 60 0
                                    

ထယ်ယောင်းမှာ ရတနာမရှိတော့သောကြောင့် ထိခိုက်ဒဏ်ကိုပိုခံစားနေရပေသည်။မျက်လုံးတွေကပြာလာလျက် ပါးစပ်မှသွေးတွေသာအန်ထွက်လာသည်။

~ Legend Of Beloved Kim ~

"ဆရာ ကျနော်ဂိုဏ်းကထွက်လို့ရပြီလား"

"အော် ဂျောင်ဂုပဲ"

"ဟုတ်ကဲ့ဆရာ"

"ခဏလေးနေလိုက်ပါဦး ဟ ဟ"

"ဘာကိုလဲဆရာ ဆရာကတိပေးထားတာပဲလေ"

"ဟုတ်ပါတယ် မကြာခင်ငါကိုယ်တိုင်မင်းကိုဂိုဏ်ကထုတ်ပေးမှာပါ။ခဏလေးတောင်မစောင့်နိုင်ဘူးလား"

"အာ အာ့လိုမဟုတ်ပါဘူး"

"ငါသွားစရာရှိလို မင်းဂိုဏ်ကိုစောင့်ရှောက်ထားပေးပါဦး"

ဂျောင်ဂုလည်း ဆရာ့ကိုအရိုအသေပေးကာ ကျန်ခဲ့လိုက်သည်။ဂျောင်ဂုဆရာ့ကိုနားမလည်တော့ပါပေ။

ရတနာကိုယူပေးခဲ့သည့်နေ့က ဆရာမျက်လုံးတွေကတောက်ပနေသည်။ဘာ့ကြောင့်မသိ ဆရာကိုမယုံကြည်သလိုဖြစ်နေမိသည်။

သို့သော်ထိုအတွေးကိုမြန်မြန်ဖယ်ထုတ်လိုက်သည်။ဆရာကဘယ်တော့မှလိမ်မည့်သူမျိုးမှမဟုတ်ဘဲ.....

"အော ပြန်တွေ့ကြပြီပေါ့ ကင်မ်ထယ်ယောင်း"

ကင်မ်ထယ်ယောင်း၏မျက်ဝန်းတွေကအပြာရောင်ပြောင်းလဲသွားလေသည်။

"ဟ ဟ မင်းကမင်းအမေအဖေတေထက်ပိုအားကြီးမယ့်ပုံပဲ။မပူပါနဲ့မကြာခင်ငါကမင်းမိဘတွေနောက်မင်းကိုပို့ပေးမယ်"

"ရတနာကိုပြန်ပေးပါ"

"ဘာလိုလဲ ငါကမကြာခင်တလောကလုံးရဲ့သခင်ဖြစ်တော့မှာ ဟ ဟ"

"ခင်ဗျားသိပ်လောဘကြီးတဲ့သူပဲ"

"အခုမှမင်းကသိတာလား ဟ ဟ"

"ခင်ဗျားကယုတ်မာလွန်းတယ်။အရှက်တရားမရှိဘဲ အခုလိုကျနော့ကိုလာပြောနေတာနဲ့တင်ခင်ဗျားလုံလောက်နေပြီ"

"ကင်မ်ထယ်ယောင်း"

"ဘာလဲ အမှန်တရားကနည်းနည်းတော့ခါးတယ်မလား ဟ ဟ"

"မင်း မင်း အေးဒီနေ့မင်းကို ငါမင်းမိဘတွေနောက်ပို့ပေးမယ်"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now