🧶Episode 11🧶

583 53 0
                                    

ဂျွန်လည်း သတိမေ့မျောနေသောကင်မ်ပါးပြင်ကိုဖွဖွနမ်းကာ အစီအရင်ကင်းမဲ့‌သွားသောရဲတိုက်ကြီးအပြင်သို့ နှေးကွေးသောခြေလှမ်းများဖြင့်ထွက်သွားလေတော့သည်။ကင်မ့်မျက်နှာနုနုပေါ်မှမျက်ရည်စီးကြောင်းများကိုလည်း တဖန်ဂျွန်မမြင်ခဲ့ပါတော့ချေ။

~Legend Of Beloved Kim~

"တကယ်လို့ ကင်မ်ရတနာ ကိုသာဂျွန်ယူသွားရင် ကင်မ်ကဂျွန်ကိုမုန်းမှာလားဟင်"

"အေ့ ကင်မ်ရတနာ"

ကင်မ်ကအရက်အတော်မူးနေပြီဖြစ်သည်။ဂျွန်ကသူ့ကိုယ်လုံးလေးကိုခါးကနေထိန်းကိုင်ပေးထားရ၏။

"တကယ်လို့ လို့ပြောတာပါ။ကင်မ်မဖြေချင်လဲ"

"ကင်မ်ဖြေမှာပေါ့ အေ့"
"ဂျွန်ယူချင်ရင်ယူသွားပေါ့ ကင်မ့်ဆီမှာရှိသမျှ ဂျွန်ပိုင်တာပဲ။ကင်မ်ကဂျွန်ကိုမမုန်းပါဘူး အေ့ ကင်မ်ကဂျွန်ကိုချစ်တယ်"

"စိတ်ထဲမထားပါနဲ့ ဂျွန်က တကယ်လို့ လို့မေးကြည့်တာပါ"

"ရပါတယ်  ကင်မ်ရတနာ ထားတဲ့ရဲတိုက်ရဲ့အစီအရင်တွေကိုရော ဂျွန်သိချင်ရင် ကင်မ်ပြောပြမယ် အေ့"

"ကင်မ် ကင်မ် အဆင်ပြေရင် ဟို ဂျွန် ဂျွန် ကဒီတိုင်းသိချင်လို့ပါ"

စကားတွေတောင်ထစ်နေပြီလားဂျွန်ရယ်။ကင်မ်သိပါတယ် ဂျွန်အရင်ကလိုမဟုတ်တော့မှန်း။ဒါပေမယ့်ဘယ်လိုလုပ်ရမလဲဂျွန်။ကင်မ်ကဂျွန်လိုချင်ရင်ကင်မ်အသက်ပါပေးမယ့်သူပါ။

ဂျွန်ကကင်မ်ကိုတကယ်မူးနေပြီထင်နေတာပဲ။ကင်မ်တို့ မျိုးနွယ်စုက မွေးကတည်းကအရက်နဲ့ အချင်းဆေးလာသူတွေပါဂျွန်။ဂျွန်စိတ်ကြိုက်မသိသလိုမူးနေရောင်ဆောင်ရတာလဲ ကင်မ်အတွက်အဆင်ပြေမနေဘူးဂျွန်။

"အွန်း ကင်မ်ပြောပြမယ်"

ဂျွန်ကကင်မ့်မျက်လုံး‌ကိုတောင်စုံအောင်မကြည့်တော့ဘဲ အရက်ခွက်ကိုသာကြည့်နေလေသည်။

"ကင်မ်ရတနာ ရဲတိုက်ရဲ့အစီအရင်တွေကဘိုးဘေးတွေလက်ထက်ကတည်းကလေ။အမေမသေခင်မှာ ကင်မ့် ကိုအာ့ဒီအစီအရင်နဲ့အစောင့်အရှောက်တွေကိုကင်မ့်လက်ထဲလွှဲပြောင်းပေးသွားခဲ့တာ။အခုအစီအရင်ထိန်းချုပ်သူဟာ ကင်မ် ပေါ့ဂျွန်"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now