🧶Episode 16🧶

820 53 0
                                    

မွေးကတည်းကအတူအိပ်လာသည့်သားလေးကခုသူ့အဖေနောက်သွားအိပ်သည်မို့ ထယ်ယောင်းရင်ထဲဟာတာတာနှင့်အိပ်မပျော်နိုင်သေးပေ။
တံခါးခေါက်သံကြောင့်သားမှန်းအလိုလိုသိလိုက်သည်။ညဘက်သားက မရှိသည့်ပါပါးနို့သီးလေးစို့ပြီးမှအိပ်တတ်သည်မဟုတ်လား??

~ Legend Of Beloved Kim~

"ပါပါး"

"အောပြန်လာပြီလား ကိုကိုးလေး
လာပါပါးတို့ထမင်းစားကြရအောင်"

ထယ်ယောင်းလဲသားအသံကြောင့် ထမင်းပြင်နေရင်း လှည့်မကြည့်တော့ဘဲစကားတို့ကိုသာပြောနေမိသည်။

"ကင်မ်"

ဒီအသံ!!
ဒီအသံ အို...
မဟုတ်တာ သူမဖြစ်နိုင်ပါဘူး။
သို့သော်ထယ်ယောင်း အတွေးတို့လွင့်စင်သွားခဲ့ရသည်။

"ကင်မ်"

"ဟင် ဂျွန်"

"ကင်မ် ကင်မ်ရယ်လွမ်းနေခဲ့တာ"

သူကကင်မ့်ကိုတင်းကြပ်စွာပြေးဖက်လေသည်။သားလေးကိုကိုးနဲ့အင်စူကလည်း သူတို့ကိုကြည့်နေလေသည်။

"ကိုကိုး ဦးဖေဖေတို့စတော်ဘယ်ရီသီးတွေသွားစားရအောင်"

အလိုက်သိလွန်းသည့်ကိုကိုးလေးကလည်း

"ဟုတ် ဦးဖေဖေသွားကြရအောင်"

အင်စူလည်းကလေးကိုချီက အကိုတို့နှစ်ယောက်ကိုရှောင်ပေးလေသည်။

ကင်မ်လည်းလွမ်းနေလှတာမို့ ဂျွန်အပြုအမူတွေကိုမတားဖြစ်ပေ။နှစ်ယောက်စလုံး၏မျက်ဝန်းအိမ်တွင်မျက်ရည်များသာ...

"ဖယ် ဖယ်စမ်း ဂျောင်ဂု"

"ကင်မ်ရယ် ဂျွန်ရှင်းပြပါရ‌စေ"

"မင်းလုပ်ရပ်ကြောင့်ငါ့အဖေသေရတာအာ့တာသိရဲ့လားဂျောင်ဂု"

"တောင်းပန်ပါတယ်ကင်မ်ရယ်"

"ဘာတောင်းပန်တယ်ဟုတ်လား??
ငါ့အဖေကပြန်ရှင်လာမှာမို့လား"

"ဂျွန် ဂျွန်တကယ်မသိခဲ့တာအမှန်ပါကင်မ်ရယ်"

"လွှတ်ငါ့ကို ခုလွှတ်စမ်းဂျွန်ဂျောင်ဂု"

ဂျွန်လက်တွေကလျော့မသွားသလို ပိုမိုတင်းကြပ်လာပေသည်။

"ဟင့်အင်း ဒီတခါတော့ကင်မ်ကိုထွက်သွားခွင့်မပေးနိုင်တော့ဘူးကင်မ်"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now