🧶Episode 2🧶

908 54 0
                                    

ထယ်‌ယောင်းလည်းဂျီမင် ခန္ဓာကိုယ်ကိုယ်ကိုလက်တဖက်ဖြင့်ထိန်းကာ လက်ကျန်အရက်တခွက်ကိုမော့ချလိုက်သည်။ပြီးလျှင် မူးနေသူအားတချက်ကြည့်ကာ ရယ်၍အခန်းဆီသာဦးတည်လိုက်သည်။အခန်းထဲရောက်တော့ဂျီမင်ကိုနေရာချကာ ထယ်ယောင်းကတော့ စာပွဲတွင်ထိုင်ကာ တယောက်ယောက်ကိုစောင့်နေဟန်

~Legend Of Beloved Kim~

"ထယ်ယောင်းရ သူတို့ကိုမင်းဘယ်လိုသိလဲ"

"ဟား ဂျီမင်ရာ မင်းကမသိဘူးလား"

"မသိလို့ပေါ့ကွ"

"သူတို့ဆီကအတွင်းအားတွေကိုငါခံစားရမိတယ်။ပြီးတော့ ဟော့ဒီ့ငါ့ယပ်တောင်က သူတို့အကြောင်းသိဖို့တခပ်စာပဲ"

"မင်းကတော့လေအမြဲလေပေါဖို့ပဲ"

"ငါပြောတာမှားနေလို့လား ဟ"

"မှန်ပါတယ်ဟေ့ မှန်တယ်။
နေစမ်းပါဦး....
ဒီနေ့မှဘာစိတ်ကူးပေါက်ပြီးဒီကိုရောက်လာရတာတုန်း"

"သူတို့လာမယ်ဆိုတာအာရုံရနေလို့လေ"

"ကောင်းသောလာခြင်းမှဟုတ်ပါ့မလားဟေ"

"စောင့်ကြည့်ရမှာပေါ့"

"မင်းဟာလေအမြဲလျှို့ဝှက်လွန်းတယ်"

"အာ့လိုဖြစ်သွားလား"

"ဖြစ်ကိုဖြစ်နေတာဟေ့"

"ဟ ဟ"

ထယ်ယောင်းနှင့်ဂျီမင်လည်း အခန်းထဲတွင်စကားစမြည်ပြောနေကြရင်း အရက်ကိုအရသာခံသောက်ကာ အလှမယ်များကိုကြည့်နေလေသည်။ထယ်ယောင်း၏အကျင့်သည် မျိုးနွယ်စုနေရာမှလွဲ၍မည်သည့်နေရာမဆို မျက်နှာအုပ်ပုဝါဝတ်ထားလေ့ရှိသည်။

အဖေကမျိုးနွယ်စုခေါင်းဆောင်မှန်ပေမယ့် မျိုးနွယ်စုရတနာ ဟာ ကင်မ်ထယ်ယောင်း၏အပိုင်ဖြစ်သည်။ထယ်ယောင်းအမေမဆုံးခင် ထယ်ယောင်းလက်ထဲလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပေသည်။

ထယ်ယောင်းသည်လည်းနေ့ဘက်တွင်မည်သို့ပျော်ပါးသောက်စားမူးယစ်နေပါမူ ညဘက်တွင်တော့မျိုးနွယ်စုအတွင်း၌သာနေ၍ မျိုးနွယ်စုရတနာနှင့်အတွင်းအားလေ့ကျင့်ကာ မျိုးနွယ်စုရတနာ၏ တည်နေရာကိုပိုမိုကာကွယ်ဖုံးအုပ်တတ်လေသည်။

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now