🧶Episode10🧶

622 43 0
                                    

ကင်မ်၊ဂျီမင်၊အင်စူတို့က ဂျွန်၊ယွန်းဂီ၊ဟိုဆော့တို့ကိုလိုက်ပို့ကြသည်။ဂျွန်လည်း လက်ပြနှုတ်ဆက်နေသည့် ချစ်ရသူကိုမျက်ဝန်းအိမ်မှမျက်ရည်များဖြင့် နှုတ်ဆက်ကာတောင်ပေါ်ဆီသို့ပြန်လာခဲ့လိုက်သည်။

~Legend Of Beloved Kim~

ဂျောင်ဂုလည်းနိုးတော့ ကင်မ်ကအခန်းထဲပြန်ဝင်လာလေသည်။

"ကင်မ်"

"ထတော့ဂျွန် ပြန်ဖို့အကုန်ပြင်ပြီးပြီ"

"ဂျွန် ဂျွန် ကင်မ်နဲ့မခွဲနိုင်ဘူး"

"အော် ဂျွန်ရယ် အကြာကြီးမှမဟုတ်ဘဲ ခဏလေးကို"

ကင်မ်က‌ဂျွန်ကုတင်ကိုကျောပေးထားကာ အဝတ်တွေထည့်နေရင်းပြောလေသည်။ကင်မ့်မျက်ဝန်းမှမျက်ရည်စတွေမမြင်ဖို့ရာ ကင်မ်ဂျွန့်ကိုကျောပေးထားမိသည်။

"ဂျွန်ပြန်လာရင် လက်ထပ်ကြရအောင်"

"အွန်း ဂျွန် လက်ထပ်ကြတာပေါ့"

ဂျွန်လည်းကင်မ်ပြင်ပေးသောအဝတ်တို့ကိုဝတ်ကာ တောင်ပေါ်ပြန်ရန် လေးလံသောစိတ်များဖြင့်....

ကင်မ်၊ဂျီမင်၊အင်စူတို့က ဂျွန်၊ယွန်းဂီ၊ဟိုဆော့တို့ကိုလိုက်ပို့ကြသည်။ဂျွန်လည်း လက်ပြနှုတ်ဆက်နေသည့် ချစ်ရသူကိုမျက်ဝန်းအိမ်မှမျက်ရည်များဖြင့် နှုတ်ဆက်ကာတောင်ပေါ်ဆီသို့ပြန်လာခဲ့လိုက်သည်။

"ဂျောင်ဂု မင်းနဲ့ထယ်ယောင်းကတကယ်တခုခုလား"

ဟိုဆော့ကဂျောင်ဂုကို မျက်ခုံးပင့်ကာမေးလေသည်။ယွန်းဂီကတော့ပြုံးလျက်ပင် ဂျောင်ဂုကိုကြည့်သည်။

"ငါနောက်တခေါက်တောင်ပေါ်ကပြန်ရင် ငါကင်မ်ကိုလက်ထပ်မယ်"

"ဟာ တကယ်ကြီးလား??ဆရာ့ကိုရော??"

"ငါဂိုဏ်းကထွက်ကရင်တောင် ကင်မ့်ကိုရွေးချယ်မှာ ဟိုဆော့"

"နားလည်ပါတယ် ကြိုးစားကွာ မင်းဘက်မှာငါတို့ရှိနေပါတယ်"

ဟိုဆော့ကဂျောင်ဂုပခုံးကို ဖျစ်ကာအားပေးစကားပြောသည်။

"မင်းက ထယ်ယောင်းကိုအမြဲရွေးချယ်ပေးရမယ်ဂျောင်ဂု။သူ့အကြောင်းဂျီမင်ပြောပြတယ်။သူကလျှို့ဝှက်လွန်းတဲ့သူတဲ့လေ။သူ့ခံစားချက်ထက် တပါးသူခံစားချက်ကိုပိုဦးစားပေးတဲ့သူမျိုးတဲ့လေ"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now