🧶Episode 5🧶

590 47 1
                                    

ဂျီမင်ထွက်သွားတော့ထယ်ယောင်းဝတ်ရုံပြောင်းကာ မျိုးနွယ်စုဆီပြန်လာခဲ့သည်။ခုတလောစိတ်ထဲထင့်နေသည်။ဘာ့ကြောင့်မှန်းမသိ ကင်မ်ရတနာ ကိုစိတ်ပူနေမိသည်။အစီအရင်တံတိုင်းကြီးကလည်း တခါတခါအားပျော့လာသလိုခံစားနေရသည်။

~Legend Of Beloved Kim~

"အိပ်နေပြီလား ထယ်ယောင်း"

"မအိပ်သေးပါဘူးဂျီမင်ရ"

"မင်းမနေ့ညကမျိုးနွယ်စုကိုသွားတာ ငါ့ကိုဘာလို့ထားခဲ့တာလဲ"

"မင်းမူးနေလို့ မင်းကိုနားခိုင်းထားတာ"

"ကျေးဇူးပါ ဒါပေမယ့်ထယ်ယောင်းရာ နောက်ဆိုငါ့ကိုခေါ်ပါ။မင်းကိုငါစိတ်မချဘူး"

"ငါ့ကို"

"အွန်းဟုတ်တယ်ထယ်ယောင်း
မင်းကငါ့ထက်အတွင်းအားမြင့်ပေမယ့် မင်းကိုစိတ်မချဘူးထယ်ယောင်း"

"ငါနားလည်ပါတယ်"

"ငါ့အတွက်မင်းကအမြဲကလေးလေးပဲထယ်ယောင်းရာ။မင်းပျော်ရွှင်တာငါမြင်ချင်တယ်။မင်းလွတ်လွတ်လပ်လပ်နေကြည့်ပါ့လား။တခါလောက်မျိုးနွယ်စုစည်းကမ်းတွေ၊အုပ်ချုပ်သူဆိုတဲ့တာဝန်တွေကိုမေ့ထားကြည့်ပါ့လား"

"ငါလည်းနေချင်ခဲ့တာပေါ့ ဒါပေမယ့်ငါကရင့်ကျက်ရမယ် ဂျီမင်။ငါ့အမေပေးခဲ့တဲ့တာဝန်တွေကို ငါ့ ပျော်ရွှင်မှုထက်တန်ဖိုးထားရတယ်ဂျီမင်"

"မင်းတာဝန်တွေများလွန်းလိုက်တာထယ်ယောင်းရာ"

ဂျီမင်ကထယ်ယောင်းကိုယ်လုံးလေးကိုဖက်ကာ ဂရုဏာသက်စွာဆိုလေသည်။

"အော် ဒါနဲ့ ဂျောင်ဂုဆိုတဲ့သူကမဆိုးဘူး"

"ဘာကိုလဲဂျီမင်"

"မင်းကို ရင်ခုန်အောင်လုပ်နိုင်တယ်လေ ဟ ဟ"

"မ မဟုတ်တာ"

"ကြည့်လေမင်းအခုတောင်စကားထစ်နေပြီမဟုတ်လား"

"မ မဟုတ်ပါဘူးဆိုကွာ"

"အေးပါမဟုတ်ရင်လည်းထားပေါ့။ဟုတ်လည်းအကြောင်းမဟုတ်ပါဘူး ဂျောင်ဂုကမင်းကိုနွေးထွေးမှု၊ပျော်ရွှင်မှုတွေပေးမယ့်သူဆိုတာ ငါယုံကြည်တယ်လေ"

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now