🧶Episode 6🧶

536 43 0
                                    

ကင်မ်အိမ်လာကာ ကင်မ်မသိအောင် ကင်မ်နာမည်တကာ အာသာဖြေခဲ့ရပုံက ဂျောင်ဂုအတွက်ရယ်စရာပင်။တခါမှ အာ့လိုဖြစ်လာလိမ်မည်လို့မတွေးခဲ့ပေမယ့် ကင်မ့်အထိအတွေ့ကြောင့် လူကထိန်းမနိုင်သိမ်းမရ။ကင်မ့်ကို ဂျွန်ချစ်မိနေတာသေချာပြီကင်မ်...

~Legend Of Beloved Kim~

ထယ်ယောင်းတကိုယ်လုံး အေးစက်သွားသလိုခံစားလိုက်ရသည်။ဒူးနှင့်နဖူးကို အပ်ကာ ငယ်ငယ်ကပုံရိပ်တွေကိုပြန်မြင်ယောင်နေကာ ကိုယ်လုံးလေးကတုန်ရီနေလေသည်။

ဂျောင်ဂုလည်း ဟို၃ယောက်ဝိုင်းစနေတာကြောင့် အပြင်ထွက်လာခဲ့လိုက်ကာ ယောင်တောင်တောင်လျှောက်ကြည့်နေမိသည်။

တောလမ်းလေးတွေ့တော့ ဂျောင်ဂုငယ်ငယ်ကကစားခဲ့ဖူးသည့်လမ်းလေးမို့ဝင်သွားခဲ့မိသည်။စိမ်းစိုနေကာ သစ်ရွက်တွေလည်းလေနှင်ရာလွင့်နေလေသည်။

တောအလယ်အရောက်မှာတော့ ရုတ်တရက်နှင်းမှုန်တွေကမျက်လုံးထဲဝင်ရောက်လာကာချမ်းလာပြန်သည်။ဂျောင်ဂုလည်း မနည်းထိန်းကာလမ်းရှာ၍ပြန်ထွက်မည်ကြံတော့ အရှေ့တွင်တွေလိုက်ရသောမြင်ကွင်းငယ်...

နောက်ကျောပေးကာ ကျုံ့ထားသည့်အနက်ရောင်နှင့်လူတယောက်။ဘာကြောင့်မှန်းမသိ ဂျောင်ဂုရင်ထဲရင်းနှီးနေသလိုခံစားနေရသည်။

ဂျောင်ဂုလည်းအနားတိုးသွားတော့ ထိုလူကငုံ့ထားဆဲပင်။သေချာကြည့်လိုက်တော့ သူ၏ဘေးပတ်လည်တွင်ရေခဲသဖွယ်ဖြစ်နေပေသည်။

သူအရမ်းအေးနေတော့မှာ....

ဂျောင်ဂုလည်းထိုလူကိုဘာ့ကြောင့်မှန်းမသိလိုလိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။သို့သော်တွန်းထုတ်ခံလိုက်ရသောခံစားမှု...

ဒုန်း!!

သစ်ပင်နှင့် ဂျောင်ဂုကိုယ်လုံးဟာအသံမြည်စွာမိတ်ဆက်သွားလေသည်။

ကျွတ်!!

ထိုလူတွန်းလိုက်သောအရှိန်ကြောင့်ဂျောင်ဂုရင်ဘတ်ကနာကျင်မှု။သို့သော်ထို့လူ့ဆီပြန်သွားမိသည်။ထိုလူကပြန်မော့ကြည့်တော့...

"ကင်မ်!!"

ကင်မ်မျက်ဝန်းတွေကအပြာရောင်ပြောင်းနေသည်။အမြဲဝတ်ရုံနီဝတ်တတ်တဲ့ကင်မ်ကအခုတော့အနက်ရောင်ဝတ်ရုံကိုကျစ်လစ်စွာဖြင့်။မျက်ဝန်းတွင်လည်းသူမတူသည့်အပြုအမူမျိုး....

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now