🧶Episode 15🧶

829 63 0
                                    

မြို့ထဲလျှောက်ပတ်သွားရင်း အနီရောင်ပိတ်စဆိုင်ကိုမြင်တော့ ကင်မ့်ကိုသတိရကာရပ်ကြည့်နေမိတုန်း ခြေထောက်နားကလှုပ်စိလှုပ်စိကြောင့် ငုံ့ကြည့်မိတော့ ကလေးငယ်တယောက်။

~Legend Of Beloved Kim~

3Years Later!!

"အကိုရေ ကျနော်မြို့ထဲသွားမလို့ဘာမှာဦးမလဲ"

"မမှာတော့ဘူးအင်စူ၊ဂရုစိုက်သွားချေ"

"ကိုကိုးယိုက်မယ် ဦးဖေဖေ"

ထယ်ကိုကိုးလေးက သိတတ်စအရွယ်ကတည်းက အင်စူကိုဦးဖေဖေ လို့ခေါ်ခဲ့ခြင်းပင်။

သေချာအတူနေကြည့်ကြမှ အင်စူဟာ ထယ်ယောင်းအတွက် ညီအရင်းတယောက်လိုပင်။

အနစ်နာခံရုံမက ထယ်ယောင်းကိုအမြဲဦးစားပေးတတ်လေသည်။

အမြဲရှေ့ကနေကာကွယ်ပေးခဲ့သလို ထယ်ကိုကိုး လေးမွေးတော့လည်း အရိပ်တကြည့်ကြည့်အလိုလိုက်ဂရုစိုက်ပေးခဲ့သည်။

အခွင့်အရေးလည်းမယူခဲ့သလို ထယ်‌ယောင်းကို အကိုတယောက် အဖေတယောက်လိုရိုသေလေသည်။

"အော သားလိုက်သွားရင်ဦးဖေဖေ ပင်ပမ်းမှာပေါ့ ကိုကိုးလေးရဲ့"

"သိဝူး ဦးဖေဖေနောက်ယိုက်မယ်"

"အေးပါအေးပါ လိုက်ကမယ်နော်
အကိုရယ်ခေါ်သွားလိုက်မယ်
ကိုကိုးကမလိုက်ရရင် အကို့ကိုဂျီကျ‌ပါဦးမယ်အကိုရယ်"

"ဒါဆိုအင်စူ့ကိုပဲ နှောက်ယှက်ရတော့မှာပဲ"

"ရပါတယ်အကိုရယ် ပြောစရာမှမလိုဘဲ"

"ဒါဆို ကိုကိုးအဝတ်ယဲပေး ပါးပါးကင်မ်"

"ဟုတ်ပါပြီ လာ..
ပါပါးအသစ်ဝတ်ပေးလိုက်မယ်နော်
လမ်းမှာဦးဖေဖေစကားနားထောင်နော်"

"ဟုတ် ပါပါး"

အင်စူနဲ့ကိုကိုးလေးတို့ထွက်သွားတော့ ထယ်ယောင်းလဲ စတော်ဘယ်ရီပင်တွေကိုရေလောင်းကာ လုပ်စရာရှိတာလုပ်နေမိသည်။

ဂျောင်ဂု ‌ကင်မ်မရှိကတည်းက လေလွင့်နေမိသည်မှာ 3နှစ်ပင်ရှိနေချေပြီ။

ကင်မ်မရှိတော့ကတည်းက ဂျောင်ဂုဘဝဟာ ခြောက်ကပ်ကပ်ပင်။

ဘယ်သူနှင့်မျှစကားလဲပြောလေ့မရှိတော့သလို ရောက်တတ်ရာရာ ကင်မ်ကိုတွေ့လေမလားလိုက်ရှာနေမိသည်။

Lᴇɢᴇɴᴅ Oғ Bᴇʟᴏᴠᴇᴅ Ⓚ︎Ⓘ︎Ⓜ︎ {KOOᗰOՏ}Where stories live. Discover now