1(uni&zawgyi)

15.4K 260 3
                                    

Unicode

အပိုင်း၁

🌷နေမာန်နရဲ့ဆူးနှင်းဆီ🌷

🌹🌹🌹 'မမလေး မမလေး'

ဒေါက် ဒေါက်

အပြင်ကနေအခန်းတံခါးခေါက် နိုးနေတဲ့အိတုံအသံကြောင့် နှင်းဆီအိပ်ပျော်နေရာမှ လန့်နိုးသွားတော့သည်၊

'မမလေးရေ မမလေး'

'အင်း အိတုံ နှင်းဆီထပြီ'

အသံလှမ်းပြုရင်း ကုတင်ပေါ်ကဆင်းကာ အခန်းတံခါးသွားဖွင့်လိုက်သည်၊

'အိတုံ'

'မမလေး ထမလာသေးလို့အိတုံလာနိုးတာ တော်ကြာဟိုဘီလူးမကြီးနိုးလို့ မမလေးမထသေးတာသိရင် အပြစ်ပေးခံနေရမှာစိုးလို့'

ဘီလူးမကြီးလို့ခေါ်လိုက်တဲ့ အိတုံကြောင့် နှင်းဆီပြုံးလိုက်မိသည် အိတုံခေါ်လိုက်တဲ့ ဘီလူးမကြီးဆိုတာ နှင်းဆီရဲ့မိထွေး ဒေါ်စန္ဒာချိုကိုခေါ်ခြင်းဖြစ်သည်၊
သူမနာမည်ကတော့ ဆူးနှင်းဆီ သူမကဟောဒီနှင်းဆီမြိုင်စံအိမ်ကြီးရဲ့ သခင်မလေးပါ နှင်းဆီမြိုင်စံအိမ်ရဲ့အရှင်သခင် ဦးမိုးမြင့်မောင်ရဲ့ တစ်ဦးတည်းသောသမီးလေးပင်၊
ဒါပေမယ့် ဖေဖေဆုံးပါးပြီးနောက်ပိုင်း နှင်းဆီမြိုင်စံအိမ်ရဲ့သခင်မလေး အဖြစ်ကနေ ‌စံအိမ်ရဲ့ အစေခံမလေးအဖြစ် ပြောင်းးလဲသွားခဲ့ရသည်၊
ဒါကလဲသူမမိထွေးဖြစ်သူ ဒေါ်စန္ဒာချိုရဲ့ အမိန့်ကြောင့်ပါပင်၊ငယ်စဉ်တည်းက အမေဆိုတာဘာမှန်းမသိခဲ့သောသူမ ဖေဖေသည်သာ သူမရဲ့အားကိုးအားထားရာပင်ဖြစ်ခဲ့ပါသည်၊ဖေဖေချစ်သော အန်တီ့ကိုလဲ သူမရဲ့အမေနေရာမှာ ကြည်ဖြူစွာလက်ခံခဲ့ပါသည်၊ဒါပေမယ့် အန်တီကတော့သူမလိုမဟုတ်ခဲ့ပါချေ ဘာကြောင့်မှန်းမသိ သူမအပေါ် မုန်းနေခဲ့သည်ထင်သည်၊ ရိုးအေးစွာနေတတ်သည့်နှင်းဆီအဖို့တော့ မိထွေးရဲ့မုန်းတီးနှိပ်စက်မူတွေကြားမှာ နေသားကျနေခဲ့ပါပြီ၊

'မမလေး မမလေး'

'ဟင် အင်း အိတုံ ဘာလဲဟင်'

'ဘာတွေတွေးနေတာလဲမမလေးရယ် မနက်စာချက်ဖို့ အိတုံပြင်ဆင်ထားလိုက်တော့မယ်လို့'

'အင်း အိတုံ နှင်းဆီ ကိုယ်လက်သန့်စင်ပြီးရင် လာခဲ့မယ်နော်'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now