10(uni&zawgyi)

7.5K 207 10
                                    

Unicode

🌹 နေမာန်နရဲ့ဆူးနှင်းဆီ 🌹

အပိုင်း ၁၀

သူပြောပြီး နှင်းဆီပါးလေး ဖြတ်ခနဲနမ်းကာ ရေချိုးခန်းထဲမဝင်ခင် ကိုယ့်အတွက်အ ဝတ်စားထုတ်ထားပေးနော်တဲ့၊

နှင်းဆီလဲ အဝတ်စားလဲပြီး သူ့အတွက်လဲအဝတ်စားထုတ်ပေးကာ ကုတင်ပေါ်တင်ထားခဲ့ပြီးအောက်ထပ်ဆင်းလာလိုက်သည်။

'သခင်မလေး ဆင်းလာပြီလား'

ဒေါ်ခင်ကမေးလိုက်သည်။

'ဟုတ် ဒေါ်ဒေါ်'

'အင်း အဲဒါဆို သခင်မလေးထမင်းစားပွဲမှာ ထိုင်နှင့်ပါ ဒေါ်ခင် ထမင်းပြင်လိုက်တော့မယ်'

'နှင်းဆီ ကူပေးမယ်လေ'

'ဒါဒေါ်ခင်တို့အလုပ်ပါသခင်မလေး ဒီမှာထိုင်‌နေပါ လာပါကွယ်'

နှင်းဆီလဲဘာမှမပြောတော့ဘဲ ဒေါ် ခင်ခေါ်တဲ့အတိုင်းထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်၊

အိမ်အကူ ကောင်မလေးတွေထွက်လာကာ ဟင်းတွေလာချနေတာကိုကြည့်ပြီး နှင်းဆီပါးစပ်အဟောင်းသားဖြစ်နေမိသည်၊ ထမင်းတစ်နပ်စာကို ဒီလောက်တောင်ချက်ရတာလား လာချနေတဲ့ဟင်းတွေကမနည်းမနောပင်၊ ဘယ်သူကများအဲလောက်စားပါလိမ့်၊ သူ သူက အစားကြီးလို့များလား၊ မနေ့ကတော့ သူစားတာ နှင်းဆီစားသလောက်ပါပဲ၊ အဲဒါဆိုဒီဟင်းတွေ အများကြီး နှမြောစရာ၊ ခုထိလာချနေတာလဲမပြီးနိူင်ပေ၊ တော်တော်ဖြုန်းတီးတာပဲ၊ နှင်းဆီလိုသူဌေးသမီးအိမ်မှာတောင် အဲလောက်မများပါ၊ နှင်းဆီသာဆို ဒီလောက်အများကြီး ချက်နိူင်မှာမဟုတ်၊ ဟင်းတွေက စားပွဲတောင်ပြည့်မတတ်ပါပဲ၊ ကြည့်ရင်းကြည့်ရင်း ဗိုက်တောင်ဆာလာလေသည်။

ဆူးထိုင်ကြည့်နေရင်း ခဏအကြာ၊

'ဆူး ဆာနေပြီလားဟင်'

'အင်း အမ်'

နှင်းဆီရုတ်တရက်နောက်ကနေ ကပ်ပြောလိုက်တဲ့သူကြောင့် မရည်ရွယ်ဘဲထူးလိုက်မိသည်။

'ဟာ sorry ဆူးရယ် ကိုယ်အကြာကြီးစောင့်ခိုင်းမိပြီထင်တယ် ဒေါ်ခင်'

'ရှင် သခင်လေး'

'ထမင်းပြင်လိုက်ပါတော့ ဆူးဆာနေပြီ'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now