9(uni&zawgyi)

7K 206 7
                                    

Unicode

🌹 နေမာန်နရဲ့ဆူးနှင်းဆီ 🌹

အပိုင်း ၉

'အား အမလေး ကျွတ် သေပါပြီ'

ဒေါ်စန္ဒာချို ညကရေနွေးပူနဲ့အလောင်ခံထားရတာကြောင့် ပေါင်နှစ်ဖက်လုံး လှုပ်မရအောင်နာနေရသည်။ ညကလဲမအိပ်ရ အသားတွေပူလောင်ကာနာနေတဲ့ဒဏ်ကိုအလူးအလဲခံနေရသည်။ ခုမနက်မိုးလင်းခါနီးမှ မှေးကနဲအိပ်ပျော်သွားပေမယ့် ခန္ဓာကိုယ်လှုပ်လိုက်တာ နာကျင်တဲ့ဒဏ်ကြောင့် လူကပြန်နိုးသွားရသည်။

'ဟင် မိုးတောင်လင်းနေပြီလား
ဗိုက်ကလဲဆာလိုက်တာ ဘာမှလဲလာမပို့ကြဘူး'

မနေ့ညနေက ထမင်းဟင်း လာပို့ပေမယ့် သူမကအစားကြီး အစားသောက်မက်တဲ့လူမို့ မတင်းတိမ်ခဲ့ပါ၊ ထပ်တောင်းဖို့ရာလဲ လာပို့တဲ့ ကောင်မစုတ်က ချပေးပြီးချက်ချင်းပြန်ထွက်သွားသည်လေ။

'တောက် ငါ့ကိုများ အား နာတယ်'

ဆာလဲဆာ နာလဲနာတာမို့ ဒေါ်စန္ဒာချို ဒေါသပုန်ထနေသည်။

'ဟေ့ အပြင်ကဘယ်သူရှိလဲ ဟေ့ ဘယ်သူရှိလဲမေးနေတယ်လေ တောက်'

'ကျွန်တော်ရှိပါတယ်ခင်ဗျ'

'ဟင်'

နေစိုး တံခါးပေါက်ကနေအသံပြုလိုက်သည်၊ ပြီးမှတံခါးဖွင့်အထဲဝင်လာကာ။

'ဘာလဲဘွားတော် ဘာလို့အော်ခေါ်နေတာလဲ'

'မင်း မင်း ညကဘာအချိုးချိုးတာလဲ ငါ့ကိုရေနွေးပူနဲ့ပက်သွားတဲ့ဟိုအကောင်ရော ဘယ်မှာလဲ ဘယ်မှာလဲ ဟင်း ငါဘယ်သူလဲဆိုတာ မသိဘူးလား ငါ့ကိုမထီမဲ့မြင်လုပ်ရဲတယ် မင်းတို့သေချင်နေတယ်ပေါ့လေ ဟုတ်လား'

'ဟား ဟား ကြောက်လိုက်တာဗျာ ဒီမှာဘွားတော် ခင်ဗျားဘယ်သူလဲသိပါတယ် အဟွန်း ခုခင်ဗျား မေးခွန်းတွေနောက်မှမေး ကျွန်တော်နဲ့လိုက်ခဲ့ အေးသွယ် မောင်ကျော်'

'ဟုတ် လာပါပြီအကိုလေး'

နေစိုးနောက်မှ အလုပ်သမားကောင်လေးနဲ့ကောင်မလေး ပြိုင်တူပေါ်လာသည်။

'အေးသွယ် ဒီမိန်းမကြီးကိုထူပေးလိုက် မျက်နှာသစ် သွားတိုက် ရေချိုးတာကူပေးလိုက်ပါ'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now