3(uni&zawgyi)

8.9K 242 10
                                    


Unicode

🌹 နေမာန်နရဲ့ ဆူးနှင်းဆီ 🌹

🌷 အပိုင်း၃ 🌷

.....နာရီဝက်လောက်သွားရတဲ့ဈေးကို အသွားအပြန်လမ်းလျှောက်ရတော့ နှင်းဆီအရမ်းကိုမောနေပြီ၊

လက်တွေလဲဈေးခြင်းတောင်းကိုင်ရတာကြာတော့နီရဲလို့ အဆိုးဆုံးက မနက်ကအန်တီလောင်းချလိုက်တဲ့ဟင်းရည်အပူလောင်ထားတဲ့ ဒဏ်ကလဲအရမ်းနာနေသည်၊ သူမဘဝကတကယ်ပဲဒီလိုကြီးသွားနေတော့မှာလား၊

ဖေဖေရယ်သမီးအဖြစ်ကိုကြည့်လှည့်ပါဦး သမီးဖေဖေ့ကိုအရမ်းသတိရတယ် သမီးဘဝကိုဒီတိုင်းပဲမနေချင်ဘူး အန်တီနှိပ်စက်တဲ့ဒဏ်တွေကိုလဲကြောက်လာပြီ အဲလိုနှိပ်စက်နေတာတောင်သူမအန်တီကိုမမုန်းပါ သူမမှာအားကိုးစရာလဲမရှိ အနီးဆုံးဆွေမျိုးတွေဆိုတာလဲဘယ်မှာမှန်းမသိ အမေဆိုတာကလဲ တခါမှမမြင်ဖူးခဲ့ပါ၊ သေလားရှင်လားလဲမသိခဲ့ရဘဲ ဖေဖေသာလျှင် သူမဘဝပဲဖြစ်ခဲ့သည်၊ အမေ့ကိုတခါမှမတောင့်တဖူးပါ၊ တွေ့တော့တွေ့ချင်ခဲ့ပါသည်၊ ဒါပေမယ့်ဖေဖေ့ဘဝထဲ အန်တီရောက်လာချိန်မှစပြီးသူမအန်တီကိုအမေတစ်ယောက်လိုချစ်ခဲ့သည်၊ အန်တီကျတော့ဘာလို့ သူမကိုမချစ်နိူင်ရတာလဲ၊ နှင်းဆီ အရမ်းနာကျင်ရတယ် လောကကြီးမှာသူမကိုချစ်တာဖေဖေနဲ့အိတုံပဲရှိသည်၊ ခုဖေဖေမရှိတော့ အိတုံသာသူမအခင်တွယ်ရဆုံး အချစ်ဆုံးညီမလေး ဖြစ်လာသည်၊ ဘာပဲဖြစ်ဖြစ်သူမမှာမိသားစုဝင်တွေ ရှိနေပါသေးတယ်၊
ပြန်စရာအိမ်ရှိနေပါသေးတယ်၊ ကောင်းကောင်းမကောင်းကောင်း သူမမိခင်နေရာ အစားထိုးဝင်ရောက်ခဲ့တဲ့ အန်တီလဲရှိပါသေးတယ်၊ အိတုံလဲရှိတယ်၊ ဟုတ်တယ်သူမကြံခိုင်ရမယ်၊ လိုအပ်ရင်သူမအလုပ်ထွက်လုပ်ဖို့တောင်စဉ်းစားထားသည်၊ ရည်မှန်းချက်ဆိုတာတော့သူမမသိ သူမသိတာ သူမအိမ်ကလေးကိုသူမကာကွယ်စောင့်ရှောက်မည်ဆိုတာပါပဲ။

အတွေးတွေနယ်ချဲ့ရင်းအိမ်ရှေ့တောင်ရောက်လာပြီ၊ သူမ မသိတာက သူမရဲ့အနာဂတ်နတ်ဆိုးက စောင့်ကြိုနေမယ်ဆိုတာ။

'ဟင်
ဒါဘာတွေလဲ ဘာဖြစ်ထားတာလဲ'

အိမ်ရှေ့ကနေဝင်လာတဲ့လမ်းတစ်လျှောက် ရိုက်ခွဲဖျက်စီးထားတာတွေ မနည်းမနော ပန်းပင်တွေလဲတစ်စစီ ရုတ်တရက်အိမ်မက်အလား။

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now