8(uni&zawgyi)

7.6K 215 9
                                    

Unicode

🌹 နေမာန်နရဲ့ဆူးနှင်းဆီ 🌹

အပိုင်း ၈

ဒေါ်စန္ဒာချိုတစ်ယောက် သူမကိုထည့်ပိတ်ထားတဲ့အခန်းထဲ ဂနာမငြိမ်စွာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ လွတ်လမ်းကိုရှာနေမိသည်၊ မလွတ်လို့မဖြစ်ဘူး မဟုတ်ရင်သူမဘယ်လိုဖြစ်သွားနိူင်တယ်ဆိုတာ၊ နေမာန်နဆိုတဲ့ လူငယ်ကို တစ်ခါသာမြင်ဖူးခဲ့သည်၊ သူရဲ့ဂုဏ်သတင်းတွေကလဲကျော်ကြားသည်၊ အကြီးစားငွေချေးလုပ်ငန်းကို စီမံအုပ်ချုပ်နေကာ များပြားလှတဲ့စီးပွားရေးလုပ်ငန်းတွေမှာလဲ ထင်ရှားသည်၊ဟိုတယ်လုပ်ငန်းတွေမှာလဲအောင်မြင်သည်၊ မြင့်မားတဲ့အရပ်မောင်းနဲ့ ကျစ်လစ်သန်မာတဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်စွာ ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသေးသည်၊ မိန်းကလေးတွေနဲ့ သမီးရှင်တွေကိုယ်တိုင်သူနဲ့ ပက်သက်ချင်ကြသည်၊ ဒါပေမယ့် အမြဲတင်းတည်နေတဲ့မျက်နှာထားကြောင့် လူရှိန်သလို သူ့ကိုတွေ့ရဖို့ ဆိုတာလဲမလွယ်ကူပေ။

လေလိုရောက်လာပြီး လေလိုပျောက်သွားတတ်လို့ စီးပွားရေးလောကသားတွေတောင် သူ့ကိုမြင်ဖူးသူရှားသည်၊ သူမတောင်ကြီးမားတဲ့ လူကုံထံ ပါတီပွဲတစ်ခုမှာ သူငယ်ချင်းနဲ့ကပ်လိုက်သွားရင်း မြင်ဖူးခဲ့တာပင် ဒါတောင်ခဏလေးရယ်၊ ဂုဏ်သတင်းကျော်စောသလောက် ပြတ်သားပြီး ရက်စက်တဲ့နေရာမှာလဲ ကြားရတဲ့သူတိုင်းရင်ဖိနေရလောက်အောင် ရက်စက်သည်။

ဒေါ်စန္ဒာချို တွေးရင်း တွေးရင်း၊

'အမလေးလေး ငါ့ ငါ့ကို သူဘယ်လိုလုပ်မှာပါ့လိမ့် အဲဒါဟိုကောင်မကြောင့် သူသာထွက်မပြေးရင်ငါဒီလိုမဖြစ်ဘူး ဆူးနှင်းဆီ နင့်ကြောင့် ဂြိုတ်ဆိုးမ'

'တောက် ငါဒီကလွတ်တာနဲ့ နင့်ကိုအရေခွံစုတ်ပစ်မယ်'

'ဘယ်သူ့ကိုအရေခွံစုတ်မှာလဲဗျ'

'ဟင်'

ရန်စွယ်အနောက်ကနေလက်ပိုက်ရပ်ကြည့်နေရင်း မေးလိုက်သည်။

'မင်း မင်း ဘယ်ချိန်တည်းကရောက်နေတာ'

'ခုလေးတင်ပါ ခင်ဗျားအတွေးလွန်နေတယ်ထင်တယ် တံခါးဖွင့်လိုက်တာတောင်မသိဘူးနော် ကဲပြောပါဦး ဘယ်သူ့ကိုအရေခွံစုတ်မှာ'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now