6(uni&zawgyi)

7.8K 234 3
                                    

Unicode

🌹 နေမာန်နရဲ့ဆူးနှင်းဆီ 🌹

အပိုင်း၆

'သခင်လေး သူရောက်ပါပြီ'

'အင်း'

'ဟို ဒီကသခင်လေး အိတုံကိုဘာလို့ခေါ်တာလဲဟင်'

'မင်းကိုမေးစရာတွေရှိနေလို့'

'ရှင် ဘာမေးမှာ'

'မင်းအရင်ထိုင်လိုက်ပါ'

အိတုံလဲသူပြောလိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်‌လိုက်သည်။

'မင်းနာမည် အိတုံနော်'

' ဟုတ်ကဲ့'

'ဒါဆိုရင်ကိုယ်မေးမယ် ဆူးနှင်းဆီနဲ့မင်းကအတူနေလာတာကြာပြီပေါ့'

'ဟုတ် အိတုံ ဆယ့်တစ်နှစ်သမီးတည်းကမမလေးနဲ့အတူနေလာတာပါ'

'အင်း ခုမင်းအသက်ဘယ်လောက်လဲ မင်းမမလေးကမင်းထက်ကြီးမယ်ထင်တယ်'

'ဟုတ် အိတုံအသက်က၁၉နှစ်ရောက်ပါပြီ မမလေးကအသက်၂၂ထဲမှာပါ'

အဟွန်း သူမလေးကသူ့ထက်​ခုနှစ်နှစ်လောက်ငယ်တာပဲ။

'အင်း ဟုတ်ပြီ ကိုယ်မေးချင်တာက မင်းမမလေးနဲ့မင်းစတွေ့တဲ့အချိန်ကစလို့ မနေ့ကထိဖြစ်ပျက်ခဲ့တာတွေကိုမချွင်းမချန်အကုန်ပြောပြပါ လိမ်ညာတာတွေ လျှိုထားတာတွေ ကိုယ်မကြိုက်ဘူး သူနဲ့ပက်သက်လို့အကုန်သိချင်တယ် တကယ်လို့မင်းအမှန်တိုင်းမပြောရင် မင်းကိုမင်းမမလေးနဲ့အဝေးဆုံးကိုပို့ပစ်မယ် ဘယ်တော့မှမတွေ့ရတော့ဘူး'

'ဟင် မ မလုပ်ပါနဲ့ အိတုံအကုန်ပြောပါ့မယ် မမလေးနဲ့အိတုံကို မခွဲပါနဲ့နော် ဟင့် မမလေးကိုအိတုံမခွဲနိူင်ဘူး မတွေ့ပဲလဲမနေနိူင်ဘူး အိတုံမှာမမလေးပဲရှိတာပါ ဟင့်'

'အဲဒါဆို ကိုယ့်ကိုမင်းအစ်ကိုလိုသဘောထားပြီးအကုန်ပြောပြ ကိုယ်အားလုံးအမှန်အတိုင်းသိရမှဖြစ်မယ် ဟုတ်ပြီလား'

'ဟုတ် ဟုတ်ကဲ့'

အိတုံအသက်ဝဝရှုကာ၊

'အိတုံအသက်ဆယ့်တစ်နှစ်လောက်မှာ

မမလေးတို့အိမ်ကို စရောက်တာပါ

မမလေးဖေဖေကအိတုံကို မွေးစားဖို့ ခေါ်လာတာပါ'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now