13(uni&zawgyi)

7.7K 186 5
                                    

Unicode

မျက်နှာတင်းပြီးငြိမ်သက်နေတဲ့သခင်လေးကို ကြည့်ရင်း ရန်စွယ်လက်ဖျားတွေအေးလာသည်၊ သခင်လေးစိတ်ကိုသူအသိဆုံး သူချစ်ရတဲ့သူတွေကိုဆုံးရှုံးထားသူမို့ သခင်မလေးသူ့အနားကထွက်ပြေးဖို့ ကြံစည်နေတာကိုသခင်လေးခွင့်လွှတ်မှာမဟုတ်ပေ၊ ဘာလို့ဆိုသခင်မလေးကိုသခင်လေးသိပ်ချစ်‌တာကိုသူတို့မျက်မြင်ပင်။

ဟူး ရင်မောလိုက်တာ။

ထိုစဉ်

'သခင်လေး'

အိတုံအခန်းထဲပြေးဝင်လာသည်၊

'သခင်လေး အိတုံရှင်းပြ'

ရန်စွယ်အိတုံကိုလက်ဆွဲကာနောက်ပို့လိုက်ပြီး၊

'မပြောနဲ့ သခင်လေးဒေါသမင်းဆီရောက်လာလိမ့်မယ်'

'ဒါပေမယ့်'

'ကျစ် နောက်မှ ကိုယ်နဲ့ပြောမယ် ခုငြိမ်ငြိမ်နေ'

'သခင်လေး အားလုံးအဆင်သင့်'

နေစိုးဝင်လာကာတစ်ခုခုပြောမည်ပြင်မှ သခင်လေးမျက်နှာထားကြောင့် ရန်စွယ်ကိုဘာဖြစ်တာလဲဆိုသည့် ပုံစံနဲ့မေးဆတ်ပြလိုက်ရာ ရန်စွယ်က ခေါင်းရမ်းပြသည်။

ဘေးကအိတုံကိုလဲကြည့်ကာ၊

(ဘာလဲ ဘာဖြစ်နေတာပါလိမ့်)။

နေမာန်န ရင်ထဲဒေါသတွေကမီးတောင်တစ်ခုလိုပူပြင်းနေရသည်၊
ဘာလို့လဲ ဘာလို့သူချစ်ရတဲ့သူတွေကသူ့အနားမှာ မနေချင်တာလဲ ဘာလို့သူချစ်တဲ့သူတွေကသူ့ကိုခွဲခွာထားခဲ့ကြတာလဲ သူဘာတွေမှားယွင်းနေလို့လဲ။

အတွေးတွေနဲ့သူစိတ်ပျက်လာသည်။

နေစိုးနဲ့ရန်စွယ်လဲဒီတိုင်းပဲရပ်ကြည့်နေရသည်။

အိတုံမှာလဲ ရှင်းပြချင်ပေမယ့်ကြောက်လို့ပါးစပ်မဟရဲ။

သူအတန်ကြာမှ အတွေးတွေကိုရပ်ပစ်ကာသူ့ရှေ့တွင်ရပ်နေတဲ့ သုံးယောက်ကိုကြည့်ပြီး။

'မင်းတို့ဘာပြောစရာရှိသေးလဲ'

'မရှိတော့ပါဘူး'

'ရှိပါတယ်'

တစ်ယောက်တစ်ပေါက်ဖြေနေတာကြောင့်၊

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Where stories live. Discover now