Terrified

1.5K 138 5
                                    

Jennie Pov

Lisa Somiနဲ့တူတူ အစည်းအဝေးခန်းထဲဝင်လာတော့ ကျွန်မနှလုံးခုန်မြန်လာတာ ရပ်တန့်လို့မရဘူး။ သူတို့နှစ်ယောက် လက်ချင်းချိတ်ပြီးဝင်လာကြတာမြင်ရတော့ ကျွန်မပိုဒေါသထွက်မိတယ်။

ကျွန်မ Ex နဲ့ ကျွန်မအချစ်ဆုံးသူငယ်ချင်း။ လောကကြီးကဆန်းကျယ်လိုက်တာ။

ကျွန်မသူတို့နှစ်ယောက်အကြောင်းကိုကြားတော့မုန်းမိတယ်။ ကျွန်မ Somi အဖေနဲ့မတော်တဆတိုက်မိပြီး Somi ကိုယ်ဝန်ရှိနေကြောင်းသိခဲ့ရတယ်။ အဲဒီအချိန်က ကျွန်မ Lisa ကိုလိုက်ရှာနေတဲ့အချိန်နဲ့တူတူဖြစ်နေတယ်။ ကျွန်မ အမှန်တရားကိုသိခဲ့ရတယ်။

ဒါဖြေရှင်းနေစရာမလိုအောင်ရှင်းနေတာပဲ။ သူတို့နှစ်ယောက် ကျွန်မနောက်ကွယ်မှာ ဖြစ်ခဲ့ကြတာနေမှာပေါ့။ သူတို့ နှစ်ယောက်ကအမြဲအတူရှိနေပြီး Somi ကလှပပြီးဆွဲဆောင်မှုရှိတဲ့မိန်းကလေးလဲဖြစ်တယ်။ ပြီးတော့ သူမက Lisa ရဲ့ ex-girlfriend လဲဖြစ်တယ်။

ကျွန်မကအဲ့ဒီအချိန်တုန်းက Kai နဲ့ရှိနေခဲ့တဲ့အတွက် ဘယ်သူ့ကိုသွားအပြစ်တင်ရမှာလဲ။ ကျွန်မ သူတို့ကိုသွားပြောရင် ကျွန်မရူးနေတယ်ထင်ကြမှာပေါ့။ ဒါပေမယ့် ကျွန်မဘယ်တုန်းကမှ Kai နဲအိပ်ဖို့စိတ်ကူးမရှိခဲ့ဘူး။

Lisa ကျွန်မကိုငေးကြည့်နေတာကို ကျွန်မမိသွားတော့ သူပြတင်းပေါက်ကိုကြည့်နေသလိုဟန်ဆောင်လိုက်တာကို တွေ့ရတယ်။ Somi သူ့ဘေးမှာထိုင်နေတာကို သူဒီလိုဘာလို့ကျွန်မကိုကြည့်နေရဲတာလဲ။

သူစိတ်လှုပ်ရှားနေတာကိုကျွန်မသိတယ်။ သူက သူ့လည်ပင်းကဆွဲကြိုးကိုထုတ်ပြီး လက်မနဲ့လက်ညှိုးကြားပွတ်သက် နေတာကို တွေ့ရတယ်။

ဒါကသူ့အကျင့်ဖြစ်နေတာလို့ သူပြောဖူးတယ်။ ဒါပေမယ့် ရှင်တစ်ခုခုစိတ်လှုပ်ရှားတိုင်း ရှင်လုပ်ဖြစ်နေတာလို့ ကျွန်မ ပြောဖူးတယ်။

Travis စကားပြောလိုက်မှ ကျွန်မအတွေးထဲကပြန်နိုးလာတယ်။

"တစ်ခုခုပြောအုံးမလား Miss Kim" လို့သူမေးလိုက်တော့ ကျွန်မမတ်တပ်ရပ်လိုက်တယ်။

""အဲ့ဒါဆို အစည်းအဝေးပြီးသွားပါပြီ။ လိုအပ်တဲ့စာရွက်စာတမ်းအချက်အလက်တွေကို လက်မှတ်ထိုးပြီး ကျွန်မရုံးကို ပို့ပေးလိုက်ပါ။ ဒါမှ မြန်မြန်အကောင်အထည်ဖော်နိုင်မှာ။ Kim Corporation ကနေ ကြိုဆိုပါတယ်" ကျွန်မ ရှယ်ယာရှင်တွေကိုပြောလိုက်ပြီး Lisa ကိုခေါင်းညိမ့်ပြလိုက်တယ်။

Cross Roads (Jenlisa)(Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ