Pain

1.4K 143 17
                                    

Jennie Pov

"Good morning Miss Kim" ရုတ်တရက်နှုတ်ဆက်လိုက်သံကြားလိုက်ရတော့ ကျွန်မလန့်သွားတယ်။

"Good morning Sir" ဆွစ်လူမျိုးအရပ်ရှည်ရှည်လူတစ်ယောက် သူ့bodygrard နှစ်ယောက်နဲ့အတူ ရုံးခန်းထဲ ဝင်လာခဲ့တယ်။

"ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ" ကျွန်မမတ်တပ်ရပ်ပြီးနှုတ်ဆက်လိုက်တယ်။ သူဘာလို့ ကျွန်မရုံးခန်းထဲကို ခွင့်ပြုချက်မရှိပဲ ဝင်လာရတာလဲ။

"အကြောင်းမကြားပဲ ဝင်လာတဲ့အတွက် တောင်းပန်ပါတယ် Miss Kim, မင်းကုမ္ပဏီမှာ ဘာလိုတွေအလုပ်လုပ်နေလဲ သိချင်ရုံပါ" သူက ရှယ်ယာ ၆၀ရာခိုင်နှုန်းပိုင်တယ်ဆိုတာသိပေမယ့် ကျွန်မကပဲ ဒီကုမ္ပဏီကိုဉီးစီးနေရတာ။

"Miss Kim ကျွန်တော်တည့်တည့်ပဲပြောချင်တယ်" သူပြောပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်ခုံပေါ်ထိုင်လိုက်တယ်။

"ငါမင်းကို ရှယ်ယာ၁၀ရာခိုင်နှုန်းပြန်ပေးချင်တယ်။ ဒါပေမယ့် ငါ့ရုံးခန်းကို မင်းရုံးမှာဖွင့်ချင်တယ်" သူကပြောလိုက် တယ်။ ဒီအဖိုးကြီးကဘာဖြစ်ချင်နေတာလဲ။ ဘာလို့ ကျွန်မရုံးမှာ ရုံးခန်းလာဖွင့်ချင်နေရတာလဲ။ ကျွန်မတိတ်ဆိတ်နေမိ တယ်။

"မင်းဘာလို့လဲဆိုတာ အံ့သ​ြနေမှာပေါ့" ကျွန်မခေါင်းညိမ့်ပြလိုက်တယ်။

"ငါ့တစ်ဉီးတည်းသောသမီး Lisa က ကုမ္ပဏီကိုလက်လွှဲယူတော့မယ်။ ငါသူ့ကို ဒီမှာရုံးခန်းထိုင်စေချင်တယ်။ သူ့ကို မင်းကူညီနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်" သူနောက်နေတာတော့မဟုတ်ပါဘူးနော့။ သူသင်ပေးလဲ ရနေတာကို ဘာလို့ ကျွန်မကိုဆွဲထည့်နေရတာလဲ။

"ဒီကိစ္စနဲ့ပတ်သက်လို့ မင်းအဆင်ပြေလား Miss Kim" သူက စားပွဲကိုလက်နဲ့ခေါက်ပြီး မေးလိုက်တယ်။ ကျွန်မ ငတုံး တစ်ယောက်လို ရပ်နေမိတယ်။ ဘာခံစားချက်မှမပါပဲ သူ့ကိုကြည့်လိုက်တယ်။

"ကျွန်မမှာ တခြားရွေးချယ်စရာရှိလို့လား" ကျွန်မရေရွတ်လိုက်တော့ သူရယ်လိုက်တယ်။

"နိုး။ မင်းမှာ ရွေးချယ်စရာမရှိဘူး" လို့သူပြောလိုက်တယ်။

သူကျွန်မစားပွဲပေါ်က ဓာတ်ပုံကိုကြည့်ပြီး ပြုံးလိုက်တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now