Fight

1.7K 150 3
                                    

Lisa Pov

Irene က Somi ဖုန်းခေါ်တာမကိုင်ခဲ့ဘူး။ Lisa ခေါ်ကြည့်ပေမယ့်လည်း သူမဖုန်းမကိုင်ခဲ့ဘူး။

သူမဘာလို့ဒီလိုထွက်သွားခဲ့ရတာလဲဆိုတာ Lisa စိတ်ပူလာတယ်။ Lisa ကိုတောင်ဘာမှမပြောပဲ သူမဘာလို့ထွက်သွားခဲ့ ရတာလဲ။

Lisa တို့တစ်ခါမှလဲ ရန်ဖြစ်ဖူးကြတာမဟုတ်ဘူး။ Lisa ဖုန်းခေါ်တာကို သူမဘာလို့မဖြေရတာလဲ။ Lisa ဆိုဖာပေါ်ထိုင်ရင်း စိတ်တွေရှုပ်လာခဲ့တယ်။ Jennie ကတော့သူမအခန်းမှာမူးပြီး အိပ်ပျော်နေတာကိုတွေ့ရတယ်။

Liam က Somi အခန်းမှာအိပ်တာဖြစ်ပြီး သူ့အမေဒီလိုမူးနေတာ မတွေ့ရတဲ့အတွက် ကျေးဇူးတင်မိတယ်။ Jennie မူးပြီး ကမ်းခြေမှာပြောခဲ့တာတွေကိုပြန်ကြားယောင်လာတယ်။ Lisa ကြောင့် သူမဒီလိုဖြစ်ပျက်နေတာတွေကို မမြင်ချင်တော့ ဘူး။ သူမမူးပြီး ဒီလိုဖြစ်ရလောက်အောင် Lisa ကသူမနဲ့မထိုက်တန်ဘူးမလား။

Irene နဲ့ပြဿနာကိုရှင်းရှင်းလင်းလင်းပဲဖြစ်စေချင်တယ်။

Jennie အိပ်နေတဲ့အခန်းကို Lisa ပြန်လာခဲ့တယ်။ Lisa ဆိုဖာပေါ်မအိပ်ခင် သူမကောင်းကောင်းအိပ်ပျော်နေရဲ့လား ဆိုတာ Lisa ကြည့်ချင်သေးတယ်။

သူမအိပ်ယာနားက ထိုင်ခုံမှာ Lisa ထိုင်လိုက်တယ်။ သူမအိပ်ပျော်နေတာလေးကိုကြည့်မိတယ်။ ဒါကထူးဆန်းမှန်းသိပေ မယ့် သူမဒီမှာရှိနေတာကို Lisa ပျော်နေမိတယ်။ Lisa မှာ Irene ရှိနေတာမှန်ပေမယ့် Jennie ကတော့ Lisa နှလုံးသားမှာ အမြဲရှိနေမယ့်လူတစ်ယောက်ပဲ။

Jennie လှုပ်လိုက်ပြီးယောင်လိုက်တော့ Lisa ရုတ်တရက်ငိုက်နေတာကနေ နှိုးသွားတယ်။ သူမခန္ဓာကိုယ်တုန်နေတာ တွေ့တော့ Lisa သူမနားတိုးလိုက်တယ်။

"Hey Jen, မင်းအဆင်ပြေလား"

သူမလှုပ်လိုက်ပြီး သူမကိုယ်သူမဖက်ထားတာကိုတွေ့ရတယ်။

Lisa သူမနဖူးကိုစမ်းကြည့်လိုက်တော့ ကိုယ်တွေအရမ်းပူနေတာကိုတွေ့လိုက်ရတယ်။ သူမဘာဖြစ်နေတာလဲ။

"ချမ်းတယ်" သူမပြောပြီး စောင်ကိုသူမပေါ်ဆွဲခြုံလိုက်တယ်။

Lisa ရေချိုးခန်းထဲက ဆေးအိတ်ကိုသွားယူလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ ဆေးမရှိပဲ သာမိုမီတာပဲတွေ့ရတယ်။ သူမကိုကိုယ်ပူတိုင်းလိုက်တော့ အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်ရှိနေတာကိုတွေ့ရတယ်။ အိုး သူမအဖျားတွေတက်နေတာ ပဲ။

Cross Roads (Jenlisa)(Translation)Where stories live. Discover now